Ooredoo Group သည် လုပ်ငန်းလည်ပတ်မှု အရင်းအမြစ်များ စီမံခန့်ခွဲခြင်း (ERP) ဖြေရှင်းချက်များကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရန် SAP အား လုပ်ငန်းမိတ်ဖက်အဖြစ်ရွေးချယ်

Ooredoo Group သည် လုပ်ငန်းလည်ပတ်မှု အရင်းအမြစ်များ စီမံခန့်ခွဲခြင်း (ERP) ဖြေရှင်းချက်များကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရန် SAP အား လုပ်ငန်းမိတ်ဖက်အဖြစ်ရွေးချယ်

ဘာစီလိုနာ၊စပိန် နှင့် ဒိုဟာ၊ကာတာ ။

Ooredoo Group သည် လုပ်ငန်းလည်ပတ်နေသောကုမ္ပဏီဆယ်ခု၏ အများစုတွင် ပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လုပ်ငန်းအသွင်ပြောင်းရန်နှင့် လုပ်ငန်းလည်ပတ်မှုအရင်းအမြစ်များ စီမံခန့်ခွဲခြင်း (ERP) ဖြေရှင်းချက်အားလုံးအတွက် SAP အား ၎င်း၏ လုပ်ငန်းမိတ်ဖက်အဖြစ် ရွေးချယ်ကြောင်း ကြေညာလိုက်သည်။ 

ကမ္ဘာ့အကြီးဆုံး လုပ်ငန်းသုံးဆော့ဖ်ဝဲလ်ကို ဝန်ဆောင်မှုပေးအပ်နေသည့် SAP သည် အူရီဒူးအတွက် အဓိကကျသော မဟာဗျူဟာပန်းတိုင်ဖြစ်သည့် ပြီးပြည့်စုံသော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို လွယ်ကူချောမွေ့စေရန် ဖြေရှင်းနည်းများစွာကိုလည်းကောင်း၊ လုပ်ငန်းလည်ပတ်မှုအရင်းအမြစ်များ စီမံခန့်ခွဲခြင်း (ERP) ဖြေရှင်းချက်အားလုံးကို ဗဟိုချုပ်ကိုင်ထားသော cloud ပလက်ဖောင်းသို့ ပေါင်းစည်း၍သော်လည်းကောင်း ဝန်ဆောင်မှုပေးအပ်မည်ဖြစ်သည်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် သုံးစွဲသူများ၊ ဝန်ထမ်းများနှင့် ပစ္စည်းသွင်းသူများ အားလုံး၏ အတွေ့အကြုံကို ပြည့်စုံကောင်းမွန်စေရန်  ပေါင်းစည်းထားပြီး ဝန်ဆောင်မှုအလုံးစုံပါဝင်သည့် လုပ်ငန်းစဉ်များ နှင့် စနစ်များအပြင် အလိုအလျောက်စနစ်နှင့် အကောင်းဆုံးအကျိုးရှိအောင် အသုံးပြုခြင်းတို့အတွက် သင့်လျော်ကောင်းမွန်သည့် အခြေခံအဆောက်အဦကို ရရှိစေမည်ဖြစ်ပါသည်။ 

အူရီဒူးအတွက် SAP ၏ အဆိုပြုချက်သည် ဝန်ထမ်းများ၊ သုံးစွဲသူများနှင့် ပစ္စည်းသွင်းသူများအတွေ့အကြုံမှ ၎င်း၏ထုတ်ကုန်များ၊ ငွေကြေးနှင့် အိုင်တီပိုင်းဆိုင်ရာအထိ စီမံခန့်ခွဲမှုကိုပံ့ပိုးပေးနိုင်ရန် ပေါ့ပါးသွက်လက်ပြီး အလုံးစုံပါဝင်သည့် လုပ်ငန်းစဉ်များအားဆောင်ရွက်နိုင်အောင် ပံ့ပိုးပေးရန် ပေါင်းစပ်ထားသော အက်ပလီကေးရှင်းများ၏ ဉာဏ်ရည်မြင့်စုစည်းမှုတစ်ရပ်ဖြစ်သည်။

အူရီဒူးအတွက် ကြီးမားသော မဟာဗျူဟာမြောက် စီးပွားရေးအကျိုးအမြတ်များကို ရရှိစေနိုင်ရန် RISE အက်ပ်လီကေးရှင်းအစုအစည်းတွင် S/4 HANA၊ SAP ၏ လုပ်ငန်းလည်ပတ်မှု အရင်းအမြစ်များ စီမံခန့်ခွဲခြင်း (ERP) ဆော့ဖ်ဝဲလ်အပြင် SAP Ariba၊ ၎င်း၏ ဝယ်ယူရေးနှင့်ထောက်ပံ့ရေးကွင်းဆက် ဖြေရှင်းချက်ပလက်ဖောင်းတို့ပါဝင်သည်။ SAP Successfactors သည် ၎င်း၏လာမည့် မျိုးဆက်သစ် လူသားအရင်းအနှီးစီမံခန့်ခွဲမှု (human capital) ဖြေရှင်းချက်ဖြစ်ပြီး SAP Business Technology Platform သည် ဒေတာဘေ့စ်နှင့် ဒေတာစီမံခန့်ခွဲမှု၊ ခွဲခြမ်းစိတ်ဖြာမှု၊ ပေါင်းစပ်မှုနှင့် ဉာဏ်ရည်မြင့် နည်းပညာများဖြစ်သည့် ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့်အလိုအလျောက်လုပ်ငန်းဆောင်ရွက်သည့်စနစ် (RPA) စသည့် ဉာဏ်ရည်မြင့်လုပ်ငန်းသုံးအက်ပလီကေးရှင်းများကို တစ်စုတစ်စည်းထဲ စုစည်းပေးထားသည်။

Ooredoo Group ၏ Managing Director နှင့် CEO ဖြစ်သူ Aziz Aluthman Fakhroo က “တိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်အောင် လုပ်ငန်းပိုင်းဆိုင်ရာပြောင်းလဲမှုများဖော်ဆောင်ရန် ကော်ပိုရိတ်မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် SAP ကဲ့သို့သော ကမ္ဘာ့ထိပ်တန်းဝန်ဆောင်မှုပေးသူများနှင့် မိတ်ဖက်များ ထူထောင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် တက်ကြွစွာကြိုးပမ်းလျက်ရှိပါသည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုက  အူရီဒူးရဲ့ မဟာဗျူဟာမြောက်ပန်းတိုင်များ၏ အောင်မြင်မှုဆီသို့   သွားရောက်ရာမှာ ပံ့ပိုးပေးနိုင်မည့် ခေတ်မီဆန်းသစ်သောနည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့ကို ရရှိစေနိုင်မှာဖြစ်သလို သုံးစွဲသူများနဲ့ လုပ်ငန်းမိတ်ဖက်များအားလုံးကို အကောင်းဆုံးဝန်ဆောင်မှုပေးအပ်နိုင်စေမှာ ဖြစ်ပါတယ်။ SAP နှင့် အချိန်ကာလကြာရှည်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။ 

SAP SE ၏ CEO နှင့် Executive Board အဖွဲ့ဝင် Christian Klein က “အူရီဒူးရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးခရီးစဉ်မှာ အဓိကလုပ်ဆောင်ပေးသူဖြစ်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ ပြီးပြည့်စုံပြီး သုံးစွဲသူဗဟိုပြုချဉ်းကပ်မှုနည်းစနစ်က အူရီဒူးရဲ့လုပ်ငန်းဆောင်တာများကို ရိုးရှင်းစေပြီး အကောင်းဆုံးဖြစ်အောင်ပြုလုပ်နိုင်စေဖို့ ကူညီပေးမှာဖြစ်ပြီး အူရီဒူးအား ၎င်း၏ ရည်မှန်းချက်ပန်းတိုင်များကိုအောင်မြင်စေရန်နှင့် အနာဂတ်အခွင့်အလမ်းများကို ပိုမိုလျင်မြန်စွာ တုံ့ပြန်နိုင် စေမည်ဖြစ်သည်။”

ပူးပေါင်းဆောင်ရွက်မှုကို ယခုသီတင်းပတ်တွင် စပိန်နိုင်ငံ၊ ဘာစီလိုနာတွင် ကျင်းပသည့် Mobile World Congress 2022 တွင် ကြေညာခဲ့ပါသည်။

Ooredoo Group အကြောင်း

အူရီဒူးသည် အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှတို့တွင် ဝန်ဆောင်မှုပေးလျက်ရှိသော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီး ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ဝန်ဆောင်မှုပေးလျက်ရှိပြီး အကောင်းဆုံးဒေတာအတွေ့အကြုံအား ဒေတာဗဟိုပြု မိုဘိုင်းနှင့် ပုံသေတပ်ဆင်ထားသော ကွန်ရက်များမှတဆင့် အစီအစဉ်များနှင့်ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။
အူရီဒူးသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ်ပြန်ချက်အရ ဝင်ငွေ ကာတာရီရယ် (QAR)  ၃၀ ဘီလီယံ ရရှိထားပါသည်။ ၎င်း၏ ရှယ်ယာများကို Qatar Stock Exchange နှင့် the Abu Dhabi Securities Exchange တို့တွင် ဖော်ပြထားပါသည်။

အူရီဒူးမြန်မာ၏ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ တွင်လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင်  ဆက်သွယ်ရေးဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် “အများပြည်သူ၏ ဒစ်ဂျစ်တယ်လူမှုဘဝများကို ပြည့်စုံကောင်းမွန်စေမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ 
အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4Gကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေးနိုင်ခဲ့သည့် အော်ပရေတာဖြစ်ပါသည်။
အူရီဒူးမြန်မာသည် လက်ရှိတွင် သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများအဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘ၀ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုချောမွေ့စွာ လုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို ပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင် ပေးသွားမည်ဖြစ်ပါသည်။ 

Instagram: @ooredoomyanmar