တယ်လီနောမြန်မာရောင်းချမှုနှင့်ပတ်သက်ပြီး Wave Money ရဲ့ ထုတ်ပြန်ချက်

 M1 လုပ်ငန်းစုသို့ တယ်လီနောမြန်မာ ရောင်းချခြင်းနှင့် စပ်လျဉ်း၍ Wave Money မှ ကြေညာချက် ထုတ်ပြန်ချက်ကို ဖော်ပြလိုက်ပါတယ်။

Wave Money Myanmar
ဓာတ်ပုံ Wave Money Myanmar

တယ်လီနော လုပ်ငန်းစုမှ တယ်လီနောမြန်မာအား M1 လုပ်ငန်းစုသို့ လွှဲပြောင်းရောင်းချခြင်းနှင့် ပတ်သက်၍ Wave Money ၏ ထုတ်ပြန်ချက်

Wave Money အနေဖြင့် သန်းပေါင်းများစွာသော သုံးစွဲသူများအား မရှိမဖြစ်အရေးပါသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆက်လက်ပေးစွမ်းသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများအား ပုံမှန်အတိုင်းလည်ပတ်လျက်ရှိပြီး မြန်မာနိုင်ငံအပေါ်ထားရှိသော ကျွန်ုပ်တို့ရဲ့ ကတိကဝတ်များသည် ဆက်လက်ခိုင်မြဲနေပါသည်။

Wave Money သည် တယ်လီနောမြန်မာနှင့် သီးခြားရပ်တည်လျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Telenor Group သည် ကျွန်ုပ်တို့၏ အစုရှယ်ယာဝင်လုပ်ငန်းစုတစ်ခုဖြစ်သော်လည်း Wave Money သည် လုပ်ငန်းဆောင်တာများအား သီးခြား ရပ်တည် လည်ပတ်လျက်ရှိပြီး တယ်လီနောမြန်မာအား လုပ်ငန်းပိုင်ရှင်အသစ်သို့ လွှဲပြောင်း ရောင်းချခြင်းသည် ကျွန်ုပ်တို့နှင့်  တိုက်ရိုက်ဆက်နွယ်မှုမရှိပါ။

တယ်လီနောမြန်မာအား လုပ်ငန်းပိုင်ရှင်အသစ်သို့ လွှဲပြောင်း ရောင်းချခြင်းနှင့် ပတ်သက်၍ သိရှိလိုပါက ဤလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ 

https://www.telenor.com/media/press-release/telenor-group-sells-telenor-myanmar-to-m1-group%E2%80%AF?fbclid=IwAR3rsa43SUUCLeXOsHuGEhGls1TZ8Ap70VecQeyCvJaDbAEY_kFEuCD8jts