Pepsi ရဲ့ Free မြန်မာနက်ဝိုင်ဖိုင်ဒေတာ Campaign

Pepsi Myanmar Viber Community

Pepsi Game Box အပြာရောင်ကြီး တပ်ဆင်ထားတဲ့ ရန်ကုန်မြို့က လက်ဖက်ရည်ဆိုင်တွေမှာ Pepsi, 7up, Mirinda, Sting အချိုရည်တစ်ဘူးဝယ်ယူပြီးတိုင်း အဲ့အဖုံးကို Game Box မှာ ဆော့ကစားပြီး ၁-နာရီစာ (သို့) ၅-နာရီစာ (သို့) ၁-ရက်စာ မြန်မာနက်အင်တာနက် အခမဲ့အသုံးပြုနိုင်တဲ့ ခဲခြစ်ကတ်တွေကို ဗလာမပါ ကံထူးနိုင်မယ့် Marketing Campaign တစ်ခုကို ဒီရက်ပိုင်းတွေ့ရပါတယ်။

ကံထူးရှင်တွေဟာ မြန်မာနက် အင်တာနက်ကွန်ရက်ရရှိတဲ့နေရာတွေမှာ ဖုန်းရဲ့ Wifi Setting က Myanmar Net ကို ချိတ်ဆက်ပြီးနောက်၊ ခဲခြစ်ကတ်မှာပါတဲ့ Username နဲ့ Password ကို ဖြည့်ပြီး အင်တာနက် အခမဲ့ အသုံးပြုခွင့်ရမယ်လို့ဆိုပါတယ်။

မြို့တွင်းတစ်နေရာမှ Pepsi Stand တစ်ခု

ဒီလိုမျိုး ငွေသားအစားထိုး Wifi လက်ဆောင်ပေးတဲ့ Campaign အရွေ့ကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အင်တာနက် စျေးနှုန်းတက်လာတဲ့ အခြေအနေနဲ့ ကွက်တိလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် မြန်မာနက် Myanmar Net Wifi မရရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ဒီ Campaign ဟာ Impact ကောင်းကောင်း ရနိုင်ပါ့မလားဆိုတာတော့ တွေးဆစရာပါ။