AXE ခေါင်းလိမ်းဆီဟာ သူ့ရဲ့ Target Audience ဖြစ်တဲ့ Millennial Men တွေရဲ့ ရင်ထဲကို ထိဖို့ တစ်မိနစ်စာ "Not Just a Pretty Hairstyle" ကြော်ငြာကို Launch လုပ်ခဲ့ပါတယ်။
ဒီကြော်ငြာမှာ နောက်ခံသီချင်းပါဝင်ပြီး သေချာနားထောင်ကြည့်မယ်ဆိုရင် James Blunt ရဲ့ You're Beautiful ကို သံစဉ်ယူထားတာတွေ့ရမှာပါ။
ကြက်ဥကို အနှစ်မပေါက်အောင်ကြော်တတ်တဲ့ အမျိုးသား၊ ကောင်းကင်မှာ Orion's Belt ကို အမြန်ရှာနိုင်တဲ့အမျိုးသား၊ အိပ်ယာခင်းကို သေသေသပ်သပ်ခေါက်တတ်တဲ့ အမျိုးသား၊ စပိန်လို ဟာသပြောတတ်၊ စားပွဲပေါ်က အပင်လေး မသေအောင် ထိန်းသိမ်းထားနိုင်တဲ့သူ အစရှိသဖြင့် သေးငယ်တဲ့ talent လေးတွေက ယောကျာ်းတစ်ယောက်အတွက်တော့ ရုပ်ချောတာထက် ပိုအရေးကြီးပါတယ်ဆိုတဲ့ Concept နဲ့အတူ ယောကျာ်းလေးတွေရဲ့ ဆံပင်လှဖို့ကြည့်ကောင်းဖို့အတွက် Axe ကတာဝန်ယူထားတဲ့အတွက် ဆံပင်ကို စိတ်မပူဘဲ ကျန်တဲ့ Skills တွေ တိုးအောင်လုပ်ဖို့ အာရုံစိုက်နိုင်ပါတယ်လို့ Highlight လုပ်သွားပါတယ်။