မြူးမြူးကြွကြွ လူငယ်ဆန်တဲ့ အကတွေနဲ့ တန်တန့်တန်ဖုန်း Samsung Galaxy A03 ကြော်ငြာ


Samsung ရဲ့ ဒီနှစ်ထဲ ပြုလုပ်နေတဲ့ Campaign များကတော့ အတော်လေး Creative ဖြစ်ပြီး သူ့ရဲ့ Target Audience Segment အလိုက် ကောင်းကောင်းလေး Communicate လုပ်နိုင်တာတွေ့ရပါတယ်။ Samsung ကတော့ မကြာသေးခင်ကမှ မိတ်ဆက်လိုက်တဲ့ Galaxy A03 ဖုန်းအတွက် မြူးကြွတဲ့ အမိုက်စား Commercial Video တစ်ခုနဲ့ ပွဲထွက်လာပြန်ပါပြီ။ အရင်ဆုံး ကြော်ငြာ Video လေးကို ကြည့်လိုက်ရအောင်။

Samsung က သူ့ရဲ့ A Series တွေကို မိတ်ဆက်ရာမှာ Jingle မြူးမြူးကြွကြွလေးတွေနဲ့ လူငယ်ဆန်ဆန် ပေ့ါပေ့ါပါးပါး Communicate လုပ်လေ့ရှိပြီး။ အခုတစ်ခေါက် Galaxy A03 ကလည်း သူ့ရဲ့ အစဉ်အလာမပျက် မြူးမြူးကြွကြွ ပေ့ါပေ့ါပါးပါးနဲ့ Product USP တွေကို အကောင်းဆုံး Communicate လုပ်သွားပါတယ်။

အပြစ်ရယ်လို့ မဆိုသာပေမယ့် တစ်ခုသတိထားသင့်တာတော့ ပုံမှန် Galaxy A Series TVC တွေမှာဆိုရင် ညာဘက်ထောင့်မှာ Galaxy A ဆိုပြီး စာတန်းလေးထိုးထားလေ့ရှိပေမယ့် ဒီတစ်ခါ A03 မှာ​တော့ အဲ့သလို ထိုးထားတဲ့ Watermark လေးပါမလာပါဘူး။ ဆိုပေမယ့် ဘယ်သူများ ဂရုစိုက်မိမလဲ? ကြော်ငြာက အရမ်းအထာကျနေတာကိုး...။