Expiration date by Master Card

Gift Card ရဲ့ သက်တမ်းကုန်ဆုံးတဲ့ရက်ဟာ ရှားပါးတိရစ္ဆာန်တွေရဲ့ မျိုးတုန်းပျောက်ကွယ်တော့မယ့် ရက်စွဲနဲ့ တူနေတယ်ဆိုရင် လူသားတွေအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို သေချာကာကွယ် ထိန်းသိမ်းစောင့်ရှောက်သင့်တယ်ဆိုတဲ့အကြောင်း ပိုသတိမထားမိလာနိုင်ဘူးလား?




Master Card ဟာ Conservation International နဲ့ ပူးပေါင်းပြီး Master Card (Gift Card) ရဲ့ သက်တမ်းကုန်ဆုံးတဲ့ရက်ကို သင်းခွေချပ်၊ အာဖရိကတောဆင်ရိုင်း အစရှိတဲ့ ရှားပါးတိရစ္ဆာန်တွေရဲ့ မျိုးတုန်းပျောက်ကွယ်တော့မယ့် ရက်စွဲနဲ့ အတူတူထားပြီး တောရိုင်းတိရစ္ဆာန်တွေကို သေချာကာကွယ် ထိန်းသိမ်းစောင့်ရှောက်သင့်တယ်ဆိုတဲ့အကြောင်း The Wildlife Impact Card Program Campaign တစ်ခု ပြုလုပ်ခဲ့ပါတယ်။

The Wildlife Impact Card program  ဟာ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့ လှူဒါန်းသွားမှာဖြစ်ပါတယ်။


ကမ္ဘာတစ်လွှားမှာ အပင်နဲ့ တောရိုင်းတိရစ္ဆာန် အရေအတွက် ၁သန်းခန့်ဟာ မျိုးတုန်းပျောက်ကွယ်မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ သဘာ၀ပတ်ဝန်းကျင်၊ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှာက်ရမယ်ဆိုတဲ့ အသိကိုပိုပြီးရှိလာတဲ့အတွက် ဒီ Wildlife Impact Card ဟာ စားသုံးသူတွေအနေနဲ့ သဘာ၀ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ပါဝင်ရာမှာ နည်းလမ်းတစ်ခုဖြစ်လာမှာပါ။ Wildlife Impact Card Programm ကို Master Card နဲ့ အတူ ပူးပေါင်း ပြုလုပ်တဲ့ Conservation International ဟာ မျိုးတုံးပျောက်ကွယ်လုဖြစ်နေတဲ့ အာဖရိကတောဆင်ရိုင်း၊ အမြှီးဝါမျောက်၊ Black-and-White Ruffed Lemur နဲ့ သင်းခွေချပ်တွေကို မျိုးတုံးသွားတော့မယ့်ဘေးကနေ ကာကွယ်ပေးနေတာဖြစ်ပါတယ်။

ဒီ Expiration Date ဟာ နာမည်ကြီး Agency Network တစ်ခုဖြစ်တဲ့ McCann ရဲ့  Integrated Marketing Campaignလက်ရာကောင်းတစ်ခုပါ။

Client - Master Card

Agency Network - McCann

Country - American

Campaign Type - Integrated Campaign

Category - Finance