KFC FC

Euro Games 2021အတွက် ပြင်သစ်ဘောလုံးအသင်းနဲ့ Partnership လုပ်ထားတဲ့ ပြင်သစ် KFC France ကတော့ ထူးထူးဆန်းဆန်း လုပ်ပြလိုက်ပြန်ပါပြီ။

နာမည်ကြီး ဘောလုံးသမား လုံး၀မသုံးဘဲ သာမန်ဘောလုံးကြော်ငြာတွေထဲက​ဖောက်ထွက်ထားတဲ့ Idea တစ်ခုပါ။ ဘောလုံးသမားအစား ကြက်တစ်ကောင်ကိုသုံးထားပါတယ်။


ကြက်ခြံထဲမှာ ခြေစွမ်းပြနေတဲ့ ကြက်ကို လယ်သမားနှစ်ယောက်က အကဲဖြတ်ရင်း သတိထားမိသွားပါတယ်။ လယ်သမားတွေရဲ့ မွေးမြူရေး ကျွမ်းကျင်တဲ့ မျက်စိမှာ KFC ရဲ့ Crispy ဆိုတဲ့သီချင်းအလိုက်နဲ့ ကြက်ဥကို ဘောလုံးအဖြစ်သုံးပြီး ဘယ်ခြေ၊ ညာခြေ၊ ရင်ဘက်တိုက်ကွက် စသဖြင့် အကွက်ကျကျ ကစားသွားတဲ့ ကြက်ရဲ့ ဟာ အကောင်းဆုံးဖြစ်နေတဲ့ပုံပါပဲ။

ကျွန်တော်တို့ လယ်သမားတွေက အကောင်းဆုံး ကြက်တွေကိုသာရွေးတယ်ဆိုတဲ့ စာသားကလည်း တကယ်ကို ထိမိလှပါတယ်။

သို့ပေမယ့် တိရစ္ဆာန်ချစ်တဲ့သူတွေကတော့ ဒီလို အသတ်ခံရမယ့် ကြက်ကို ခုတုံးလုပ်ကြော်ငြာတာကို သိပ်မနှစ်မြို့ကြဘူးလို့ သိရပါတယ်။

Client - KFC France

Agency - Havas Paris

Country - France

Campaign Type - Film

Category - Fast Food