Shaggy ရဲ့ နာမည်ကျော်သီချင်း "It wasn't me" ကို ကြော်ငြာ Version ပြောင်းလိုက်တဲ့ Cheetos
Client - Cheetos
Type - Film
Agency - Marcel
တစ်ခါတစ်လေ သူများရဲ့ မုန့်ကို ခပ်တည်တည်နဲ့ ယူစားမိတဲ့ အခိုက်အတန့် လူတိုင်းမှာ ရှိပါတယ်။ မိသွားရင်လည်း ငါယူစားတာမဟုတ်ဘူးဆိုပြီး ရုပ်တည်ကြီးနဲ့ ငြင်းကြတာပါပဲ။ အဲ့ဒီလို ဖြစ်လေ့ရှိတဲ့ အလေ့အထလေးကို တည်ပြီး Shaggy ရဲ့ နာမည်ကျော်သီချင်း It wasn't me နဲ့ ပေါင်းလိုက်တော့ Cheetos အတွက် တကယ်ကို Engaging ဖြစ်တဲ့ ကြော်ငြာ ဗီဒီယိုဖြစ်သွားပါတယ်။
Shaggy ရဲ့ It wasn't me ဆိုတဲ့ သီချင်းကလည်း ကွယ်ရာမှာ အခြားသူနဲ့ ခိုးစား(ဖောက်ပြန်)တဲ့ အကြောင်းကို ဆိုထားတာဆိုတော့ ဆက်စပ်နားလည်နိုင်မယ်ထင်ပါတယ်။ ကြော်ငြာလေးကို အောက်မှာ ကြည့်လိုက်ပါဦး။ ပြီးတော့ တကယ်လို့ ကိုယ့်ဘော်ဒါတွေဆီက မုန့်ယူစားမိမယ်ဆိုရင်လည်း ဘာပြောရမယ်ဆိုတာ သိသွားပြီထင်ပါတယ်။ #ItWasntMe နော်။ 😉😉😉