တယ်လီနောမြန်မာကို ဒေါ်လာ ၁၀၅သန်းနဲ့ ရောင်းချလိုက်ပါပြီ


နော်ဝေ Telecom Operator တစ်ခုဖြစ်တဲ့ Telenor ကတော့ တယ်လီနောမြန်မာကို M1 Group ထံသို့ ဒေါ်လာ ၁၀၅သန်းနဲ့ ရောင်းချလိုက်ပါပြီ။ ပြီးခဲ့တဲ့လတွေက ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ လူတွေရဲ့ လုံခြုံရေး၊ တင်းကြပ်လာတဲ့ စဉ်းမျဉ်းတွေကြောင့် တယ်လီအတွက် စိန်ခေါ်မှုတွေတိုးလာပါတယ်လို့ တယ်လီနောရဲ့ အမှုဆောင်အရာရှိက ပြောပါတယ်။

Telenor Flag by Reuters

မြန်မာနိုင်ငံက လုပ်ငန်းကိုတော့ M1 Group က ဆက်လက်လည်ပတ်သွားမယ်လို့ သိရပါတယ်။ M1 Group က လက်ဘနွန်နိုင်ငံက Investment Firm တစ်ခုဖြစ်ပါတယ်။ 

M1 Group ရဲ့ ဥက္ကဌကတော့ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း Najib A. Mikati ဖြစ်ပြီး မြန်မာနိုင်ငံက Mytel ကုမ္ပဏီအတွက် ဖုန်းတာဝါတိုင်ထောင်တဲ့ ဝန်ဆောင်မှုပေးနေတဲ့ Irrawaddy Green Towers မှာလည်း အကျိုးတူပူးပေါင်းထားပါတယ်။ 


ဒီလို မြန်မာ စစ်အုပ်စုနဲ့ ဆက်စပ်မှုတွေရှိတာကြောင့် ရေရှည်မှာ ဒီဂျစ်တယ် ရပိုင်ခွင့်တွေ ပိုဆုတ်ယုတ်၊ ကန့်သတ်ခံလာရနိုင်မလားဆိုပြီး လူအများက စိုးရိမ်နေကြပါတယ်။