Auntie Anne's နှင့် Little Sheep Hot Pot တို့အပြင် အခြားလုပ်ငန်းများ ပိတ်သိမ်း

၂၀၁၉မှာပြည်တော်ဝင် ၂၀၂၁မှာ ပြည်တော်ပြန်ရတော့မယ့် 

Auntie Anne's

Auntie Anne's Myanmar Left Myanmar Market
ဓာတ်ပုံ Auntie Anne's Myanmar Facebook

Auntie Anne's Myanmar ကတော့ ဆိုင်ခွဲတွေဖြစ်တဲ့ Junction Square ဆိုင်ခွဲနဲ့ Myanmar Plaza ဆိုင်ခွဲ၊ Junction City ဆိုင်ခွဲတွေကို အသီးသီးပိတ်သိမ်းတော့မယ့်အကြောင်း ဝမ်းနည်းစွာနဲ့ ကြေငြာထားပါတယ်။ ဒါဟာ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့ပြည်တွင်းရေးအခြေအနေတွေရဲ့ ရိုက်ခတ်မှုတွေထဲက တစ်ခုပါ။

Little Sheep လည်းပိတ်ပြီ။

သူ့လိုပဲ Little Sheep Hot Potဟာလည်း ဇွန်လကတည်းက ဟော့ပေါ့ချစ်သူတွေကို နှုတ်ဆက်ခွဲခွာသွားခဲ့ပြီဖြစ်ပါတယ်။

Little Sheep Hot Pot Myanmar Shut Down Myanmar Operation
ဓာတ်ပုံ Little Sheep Hot Pot Facebook

ဒါတင်မကသေးဘဲ အခြား လုပ်ငန်းတွေလည်း ဇွန်လအကုန်နဲ့ ဇူလိုင်လအဆန်းမှာ တောက်လျှောက် ပိတ်သိမ်းလာတာကို တွေ့ရပါတယ်။

NooDi ကော်ရည် ဆိုင်ခွဲတွေ ပိတ်နေပြီ။

ဓာတ်ပုံ NooDi Facebook

NooDi Myanmar အနေနဲ့ 2021 ထဲမှာပဲ NooDi Tarmwe , NooDi North Oakkalar နဲ့ NooDi Sule Square 3 ဆိုင်လုံးကို ပိတ်သိမ်းလိုက်ရပြီး Noodi ကြည့်မြင်တိုင်ဆိုင်ပဲရှိတော့မယ့်အကြောင်း NooDi Myanmar က ကြေငြာထားပါတယ်။

KOI Bubble Tea လည်းနားပြီ။

KOI Bubble Tea Facebook

၂၀၀၆ခုနှစ်ကတည်းက မြန်မာနိုင်ငံက Bubble Tea ချစ်သူတွေအတွက် ဝန်ဆောင်မှုပေးနေခဲ့တယ် KOI The Myanmar လည်း ဆိုင်ခွဲအားလုံးကို ပိတ်သိမ်းလိုက်ပြီလို့ အသိပေးပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဒဏ်ကို အလူးအလဲခံရဖွယ်ရှိနေပြီး ရင်းနှီးမြှုပ်နှံသူတွေက လက်ရှောင်လာကြကာ လုပ်ငန်းများလည်း တစ်စ တစ်စ ပိတ်သိမ်းရေးဘက်ကို ဦးတည်နေပါတယ်။ ဒါတွေရဲ့ တရားခံဟာ ဘာလဲဆိုတာတော့ မေးစရာလိုမယ်မထင်ပါဘူး။