အခု ဇူလိုင်လကုန်တာနဲ့ နာမည်ကျော် ဂျပန်တာယာလုပ်ငန်းဖြစ်တဲ့ BRIDGESTONE အနေနဲ့ မြန်မာပြည်မှာလုပ်နေတဲ့ လုပ်ငန်းများကို ရပ်နားသွားတော့မယ်လို့ ကြေညာလိုက်ပါတယ်။ BRIDGESTONE တာယာအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံခဲ့တာ ၇နှစ်လောက်ရှိခဲ့ပြီဖြစ်ပါတယ်။
![]() |
Photo Bridgestone Myanmar |
ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေပိုင်ဆိုင်တဲ့ Serge Pun & Associates (SPA Group) လက်အောက်ခံ Myanmar Motors Pte. က ရှယ်ယာ (၃၀) ရာခိုင်နှုန်း နဲ့ Mitsubishi ကော်ပိုရေးရှင်း(MC)က ရှယ်ယာ (၇၀)ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။
![]() |
Photo - Myanmore |
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေ ထွက်ခွာတဲ့ ပြည်ပလုပ်ငန်းတွေများပြားလာပြီး နာမည်ကြီး Telecom ကုမ္ပဏီဖြစ်တဲ့ တယ်လီနောမြန်မာဟာလည်း သူ့ရဲ့လုပ်ငန်းကို လက်ဘနွန်နိုင်ငံအခြေစိုက် M1 Group သို့ ရောင်းချပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။
တယ်လီနောမြန်မာကို ဒေါ်လာ ၁၀၅သန်းနဲ့ ရောင်းချလိုက်ပါပြီ
Auntie Anne's နှင့် Little Sheep Hot Pot တို့အပြင် အခြားလုပ်ငန်းများ ပိတ်သိမ်း