Ooredoo Group မှ ၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် ကာတာရီရယ် (QAR) ၃၀ ဘီလီယံ ဝင်ငွေရရှိကြောင်း ထုတ်ပြန်ကြေညာ


 

ဒိုဟာ၊ ကာတာ။ Ooredoo Q.P.S.C. (“Ooredoo”) - Ticker: ORDS သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့အထိ ပါဝင်သည့်   ၎င်း၏ ငွေကြေးဆိုင်ရာရလဒ်များကို အသိပေးကြေညာလိုက်ပါသည်။ 


၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ တစ်နှစ်တာဝင်ငွေသည် ကာတာရီရယ် (QAR) ၃၀ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄% တိုးတက်လာပါသည်။ အဓိကအားဖြင့် အူရီဒူး၏ ပင်မစျေးကွက် ဖြစ်သော ကာတာ၊ အင်ဒိုနီးရှားနှင့် တူနီးရှားတို့၏ တိုးတက်လာမှုကြောင့်ဖြစ်သည်။ နိုင်ငံခြားငွေကြေးလဲလှယ်မှု နှုန်းထား (FX) သက်ရောက်မှုမပါဝင်လျှင် ဝင်ငွေ ၇% တိုးတက်လာပါသည်။

တစ်နှစ်ကာလအတွင်း Group ၏ စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ - EBITDA) margin  ၄၄% နှင့်အတူ ကာတာရီရယ် (QAR) ၁၃ ဘီလီယံရှိပြီး ၎င်းမှာ အင်ဒိုနီးရှားတွင် တိုးတက်မှု၊ ကူဝိတ်ရှိ မက်ခရိုစီးပွားရေးအခြေအနေများ တိုးတက်လာမှုနှင့် အယ်လ်ဂျီးရီးယားတွင် သုံးစွဲသူတို့၏ ယုံကြည်မှု တိုးလာခြင်းတို့ကြောင့် ဖြစ်သည်။ EBITDA တိုးတက်မှုနှုန်းသည် ၈% ဖြင့် ရပ်တည်နိုင်ခဲ့ပြီး  နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထား (FX)  သက်ရောက်မှုမပါဝင်လျှင် ၁၁% တွင်ရပ်တည်နိုင်ပါသည်။

ကာတာရီရယ် (QAR) ၈.၂ ဘီလီယံ  သို့ရောက်ရှိရန် ငွေသားစီးဆင်းမှု ၃၀%  တိုးလာသည်။

အစုရှယ်ယာရှင်များအတွက် Group ၏ အသားတင်အမြတ်ငွေ ကာတာရီရယ် (QAR) ၄၇သန်း ရှိပါသည်။ လျော့ကျခြင်း၏ ၉၆% မှာ  အဓိကအားဖြင့် နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထား (FX) ဆုံးရှုံးမှုများနှင့် မြန်မာနိုင်ငံတွင် ချို့ယွင်းချက်များကြောင့် ဖြစ်သည်။ ယင်းသက်ရောက်မှုကို အင်ဒိုဆက်အူရီဒူး၏ တာဝါတိုင်ပိုင်ဆိုင်မှု (ကာတာရီရယ် QAR သန်း ၁,၀၀၀) ကို ရောင်းချခြင်းနှင့် ငှားရမ်းခြင်းမှ အမြတ်အစွန်းဖြင့် တစ်စိတ်တစ်ပိုင်းခုထေမိပါသည်။ အဆိုပါ တစ်ကြိမ်တစ်ခါကိစ္စများနှင့် နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထား (FX)  သက်ရောက်မှုမှလွဲ၍ အသားတင်အမြတ်ငွေသည် ၆၁% တိုးတက်ခဲ့ပါသည်။

အင်ဒိုနီးရှား၊ အိုမန်၊ အယ်လ်ဂျီးရီးယားနှင့် အီရတ်တို့တွင် အားကောင်းသည့် လုပ်ငန်းဆောင်ရွက်ချက်များကြောင့် ယခုနှစ်ကုန်တွင် စုစုပေါင်း သုံးစွဲသူသည် ၁၂၁ သန်းကျော်သွားပြီဖြစ်သည်။  

ဘုတ်အဖွဲ့က အစုရှယ်ယာတစ်ခုလျှင် အမြတ်ဝေစု ကာတာရီရယ် (QAR) ၀.၃၀ ခွဲဝေပေးရန် ထောက်ခံထားသည်။ ဤထောက်ခံချက်သည် ကောင်းမွန်သောငွေလက်ကျန်ရှင်းတမ်း၊ လုံလောက်သောငွေဖြစ်လွယ်မှုနှင့် အလုံးစုံခိုင်မာသော လုပ်ငန်းဆောင်ရွက်မှု စွမ်းဆောင်ရည်အပေါ် အခြေခံထားသည်။

လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အဓိကအချက်များ 

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် Ooredoo Group နှင့် CK Hutchison တို့သည် EGM ပြီးနောက် လုပ်ငန်းနှစ်ခုကြားတွင် အမေရိကန်ဒေါ်လာ ၆.၀ ဘီလီယံတန်ဖိုးရှိ ပေါင်းစည်းမှု အတည်ပြုကြောင်းကြေညာခဲ့သည်။ Vikram Sinha သည် Indosat Ooredoo Hutchison ပေါင်းစည်းထားသော အဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပါသည်။ အရောင်းအ၀ယ်ကို ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။

၂၀၂၁ ခုနှစ် မေလ (၁၁) ရက်နေ့တွင် ဆက်သွယ်ရေးဆိုင်ရာ တာဝါတိုင်ပေါင်း ၄,၂၀၀ ကျော်ကို Edge Point Indonesia သို့ Indosat Ooredoo ၏ ရောင်းချမှုနှင့် ငှားရမ်းမှုဆိုင်ရာ သဘောတူညီချက်ကို တာဝန်ရှိ အာဏာပိုင်အဖွဲ့မှ အတည်ပြုခဲ့သည်။ အရောင်းအဝယ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ရှိပြီး ၎င်းသည် အာရှတွင် ယင်းကဲ့သို့ အကြီးဆုံး အရောင်းအ၀ယ်များထဲမှ တစ်ခုဖြစ်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် Indosat Ooredoo နှင့် Google Cloud တို့သည် အင်ဒိုနီးရှားရှိ သုံးစွဲသူများနှင့် လုပ်ငန်းကဏ္ဍများတစ်လျှောက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ရန်အတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ပါသည်။

နောက်ပိုင်းကာလတွင် Asiacell သည် ထိပ်တန်းနည်းပညာသုတေသနကုမ္ပဏီတစ်ခုမှ အီရတ်နိုင်ငံတွင် 'အမြန်ဆုံးမိုဘိုင်းကွန်ရက်' နှင့် 'အကောင်းဆုံးမိုဘိုင်းလွှမ်းခြုံမှု' ဟု အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ 

စက်တင်ဘာလ ၃၀ ရက်နေ့တွင် Ooredoo Group မှ ကာတာနိုင်ငံ၏ ပထမဆုံး Formula 1 ပြိုင်ပွဲကို 'Formula 1 Ooredoo Qatar Grand Prix' အမည်ဖြင့် စပွန်ဆာပေးကြောင်း အသိပေး ကြေညာခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် Ooredoo Qatar အား FIFA World Cup Qatar 2022 နှင့် FIFA Arab Cup Qatar 2021 ပြိုင်ပွဲတို့၏ တရားဝင် အရှေ့အလယ်ပိုင်းနှင့် အာဖရိက ဆက်သွယ်ရေးအော်ပရေတာအဖြစ် အမည်တွင်ခဲ့ပါသည်။

Ooredoo ၏ Chairman ဖြစ်သူ HE Sheikh Faisal Bin Thani Al Thani က ရလဒ်များအပေါ် မှတ်ချက်ပြုရာတွင်

“ အူရီဒူးအုပ်စုအနေဖြင့် အဓိကဈေးကွက်များတွင်ဆက်လက်လုပ်ဆောင်လျက်ရှိသည့် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း နှင့် ကုန်ကျစရိတ်နှင့်ပါတ်သတ်ပြီးအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ခြင်း အစီအစဉ်များကြောင့် ၂၀၂၁ခုနှစ်အတွက် ခိုင်မာသောရလဒ်များကို အစီရင်ခံတင်ပြနိုင်ခဲ့ပြီး အခက်အခဲများကြားမှတိုးတက်မှုကို ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။ ဝင်ငွေများသည် ကာတာရီရယ် (QAR) ၃၀ ဘီလီယံအထိ တိုးတက်လာပြီး ကျွန်ုပ်တို့၏ စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ - EBITDA)  margin သည်  ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ၄၂% မှ ၄၄% သို့ တိုးတက်လာခဲ့ပါတယ်။ အူရီဒူး၏ ငွေသားစီးဆင်းမှုမှာလည်း ၃၀% တိုးတက်လာမှုကို အစီရင်ခံတင်ပြရသည့်အတွက်လည်း ဂုဏ်ယူပါတယ်။

၂၀၂၁ခုနှစ်အတွင်းမှာ ဝန်ဆောင်မှုသုံးစွဲသူများထံ ဆန်းသစ်သောထုတ်ကုန်များကို ပေးအပ်ပြီး လုပ်ငန်းလုပ်ဆောင်နေသော စျေးကွက်များအားလုံးတွင် ယုံကြည်စိတ်ချရသောချိတ်ဆက်မှုများကို ဝန်ဆောင်မှု ပေးခြင်းဖြင့် ဒစ်ဂျစ်တယ်ဆိုင်ရာစွမ်းဆောင်ဖန်တီးသည့်လုပ်ငန်းတစ်ခုအဖြစ် အူရီဒူး၏နေရာကို ဆက်လက် ထိန်းသိမ်းထားကာရလဒ်အဖြစ် အူရီဒူးအပေါ်တွင် ဝန်ဆောင်မူသုံးစွဲသူများ၏ ယုံကြည်မှုတိုးတက်လာစေနိုင် ခဲ့ပါတယ်။ 

အင်ဒိုနီးရှားမှာ ကျွန်ုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအသစ်အတွက်လည်း အထူးစိတ်လှုပ်ရှားလျက်ရှိပြီး ယင်းကြောင့်  Indosat Ooredoo Hutchison သည် အင်ဒိုနီးရှားတွင် ပိုမိုသန်မာလာသောနံပါတ်၂ player ဖြစ်လာမည်ဖြစ်ပြီး ၎င်းသည် အင်ဒီနီးရှားအတွက် ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်တယ်လီကွန်းနှင့် အင်တာနက်ကုမ္ပဏီသစ်တစ်ခုအနေဖြင့် ကောင်းမွန်ခိုင်မာသည့် တန်ဖိုးဖန်တီးမှုတစ်ခုဖြစ်ပါတယ်။ 

နောက်ဆုံးအနေဖြင့် ဘုတ်အဖွဲ့သည် ၂၀၂၂ခုနှစ်၊  မတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာတစ်ခုလျှင် အမြတ်ဝေစု ကာတာရီရယ် (QAR) ၀.၃၀ အား  ခွဲဝေခြင်းကို အကြံပြုမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာကြေညာအပ်ပါသည်။ "

Ooredoo ၏ Managing Director ဖြစ်သူ Aziz Aluthman Fakhroo က ရလဒ်များအပေါ် မှတ်ချက်ပြုရာတွင်

"ကျွန်တော်တို့ ဝမ်းမြောက်စွာ ကြေညာလိုသည်ကတော့ အလွန်အားကောင်းသော လုပ်ငန်းစွမ်းဆောင်ရည် များဖြစ်သော ဝင်ငွေတိုးတက်မှု ၄% နှင့် ပိုမိုအားကောင်းသည့် စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ - EBITDA) ၈% တို့ဖြစ်ပါသည်။ အူရီဒူးရဲ့အောင်မြင်သော အသွင်ပြောင်းမှုလုပ်ငန်းစဉ်သည် ကာတာရီရယ် (QAR) ၈.၂ ဘီလီယံသို့ ၃၀% တိုးလာကာ အားကောင်းသည့် ငွေသားစီးဆင်းမှုကို ဖြစ်ပေါ်စေပါသည်။ 

နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်း (FX) သက်ရောက်မှုနှင့် အင်ဒိုနီးရှား တာဝါတိုင်ရောင်းချမှုနှင့် အငှားပြန်ပေးငွေများမှ အမြတ်ငွေဖြင့် တစ်စိတ်တစ်ပိုင်း ခုထေခဲ့ရသည်် မြန်မာနိုင်ငံတွင် တစ်ကြိမ် အနုတ်လက္ခဏာ ချွတ်ယွင်းချက်တို့မှလွဲ၍ အူရီဒူး၏အသားတင်အမြတ်ငွေသည် ၆၁% တိုးတက်လာခဲ့ပါတယ်။ 

အူရီဒူး၏ မူလဈေးကွက်ဖြစ်သော ကာတာသည် ဝင်ငွေ ၆% ဖြင့် ကာတာရီရယ် (QAR) ၇.၅ ဘီလီယံအထိ တိုးမြင့်လာပြီး ခိုင်မာသော စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ - EBITDA) margin ၅၂% ဖြင့် ခိုင်မာသောရလဒ်များကို ဆက်လက်ရရှိခဲ့ပါတယ်။ 

5G အင်တာနက်ကွန်ရက် စတင်ဖြန့်ကြက်မှုနှင့် ပေါင်းစပ်ထားသော ဆန်းသစ်သောထုတ်ကုန်အသစ် ကမ်းလှမ်းမှုများက Ooredoo Kuwait ၏ လုပ်ဆောင်ချက်အပေါ် ကောင်းမွန်သည့်သက်ရောက်မှုရှိခဲ့ပြီး ဝင်ငွေ ကာတာရီရယ် (QAR) 2.5 ဘီလီယံအထိ အနည်းငယ်တိုးတက်လာစေခဲ့ပါတယ်။ 

Ooredoo Algeria နှင့် Ooredoo Tunisia နှစ်ခုစလုံးသည် ၂၀၂၁ခုနှစ်တွင် ပြည်တွင်းငွေကြေးအသုံးအနှုန်းဖြင့် ဝင်ငွေတိုးတက်မှု ၈% နှင့် ၆% အသီးသီး ရှိခဲ့ပါတယ်။ Ooredoo Oman ၏ သုံးစွဲသူများမှာလည်း ၂% တိုးတက်လာခဲ့ပါတယ်။ 

Asiacell သည် လွပ်လပ်သော တတိယအဖွဲ့အစည်း သုတေသနကုမ္ပဏီတစ်ခုမှ 'အမြန်ဆုံးမိုဘိုင်းကွန်ရက်' နှင့် 'အကောင်းဆုံးမိုဘိုင်းလွှမ်းခြုံမှု' အဖြစ်ပေးအပ်ခဲ့သည့် သတ်မှတ်ချက်အရ အီရက်တွင် အကောင်းဆုံး မိုဘိုင်းကွန်ရက်အော်ပရေတာအဖြစ်အသိမှတ်ပြုခြင်းခံခဲ့ရပါသည်။ 

နောက်ဆုံးအနေဖြင့်  Indosat Ooredoo သည် ဝင်ငွေနှင့် စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ - EBITDA)တို့တွင် ကိန်းဂဏန်းနှစ်လုံးတိုးလာခဲ့ပြီး အလွန်ကောင်းမွန်သောနှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ကုမ္ပဏီသည် ဝင်ငွေ ကာတာရီရယ် (QAR) ၈.၀ ဘီလီယံအထိ တိုးလာပြီး ကုန်ကျစရိတ်အားအကောင်းဆုံးစီမီခန့်ခွဲမှုများကြောင့် တိုးတက်လာသော EBITDA margin ၄၉% ကို အစီရင်ခံနိုင်ခဲ့သည်။ လုပ်ငန်းရဲ့ တိုးတက်မှုများကို ဆက်လက်  အစီရင်ခံတင်ပြဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။”

လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာသုံးသပ်ချက် 

အူရီဒူးမြန်မာ

၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် တစ်နှစ်တာ အရေးပေါ်အခြေအနေကြေညာချက်အပြင် မြန်မာ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC) မှ အော်ပရေတာများအား တယ်လီကွန်းဝန်ဆောင်မှုများကို ကန့်သတ်ရန် ညွှန်ကြားခဲ့ပါသည်။ ဒုတိယနှစ်ဝက်တွင် ဒေတာဝန်ဆောင်မှု ပြန်လည်စတင်ခဲ့ပြီး စွမ်းဆောင်ရည်လည်း ပိုမိုကောင်းမွန်လာခဲ့သည်။

ကုမ္ပဏီသည် နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထား (FX) တန်ဖိုးကျဆင်းမှုကြောင့် ကာတာရီရယ် (QAR) ၁.၁ ဘီလီယံသို့ ၀င်ငွေ ၉% ကျဆင်းခဲ့ပြီး ပြည်တွင်းငွေကြေးနှုန်းထားနှင့်ဆိုလျင် အူရီဒူးမြန်မာ သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နှစ်ကုန်ပိုင်း၌  ၈% တိုးတက်ခဲ့ပါသည်။  စုစုပေါင်းအမြတ် (အတိုး၊ အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ - EBITDA) မှာ ကာတာရီရယ် (QAR) ၃၇၆သန်းအထိ ၂၀% တိုးလာကြောင်း ကုမ္ပဏီက တင်ပြခဲ့ပါသည်။  

အင်တာနက် ဖြတ်တောက်မှုများနှင့် စျေးကွက်စိန်ခေါ်မှုများရှိနေသော်လည်း အူရီဒူးမြန်မာသည် My Ooredoo App တွင် သုံးစွဲသူများနှင့်ဆက်သွယ်ချိတ်ဆက်မှုကို ဆက်လက်ထိန်းသိန်းထားနိုင်ခဲ့ပြီး ၎င်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် လစဉ်ဝင်ရောက်အသုံးပြုသူ ၂.၇သန်းကျော် ရှိခဲ့ပါသည်။ ထို့မျှမက My Ooredoo App တွင် “Oomanji” သည် စတင်မိတ်ဆက်သည့်အချိန်မှစပြီး အကြိမ်ရေ သန်း ၇၀ ကျော်ကစားမှုရှိခဲ့ပြီး နောက်ဆုံးသုံးလပတ်တွင် My Ooredoo App ၏ဝင်ငွေကို အထောက်အကူဖြစ်စေခဲ့ပါသည်။

အူရီဒူး၏ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းကို http://www.ooredoo.com  တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။


Ooredoo Group အကြောင်း

အူရီဒူးသည် အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှတို့တွင် ဝန်ဆောင်မှုပေးလျက်ရှိသော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီး ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ဝန်ဆောင်မှုပေးလျက်ရှိပြီး အကောင်းဆုံးဒေတာအတွေ့အကြုံအား ဒေတာဗဟိုပြု မိုဘိုင်းနှင့် ပုံသေတပ်ဆင်ထားသော ကွန်ရက်များမှတဆင့် အစီအစဉ်များနှင့်ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။
အူရီဒူးသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ်ပြန်ချက်အရ ဝင်ငွေ ကာတာရီရယ် (QAR)  ၃၀ ဘီလီယံ ရရှိထားပါသည်။ ၎င်း၏ ရှယ်ယာများကို Qatar Stock Exchange နှင့် the Abu Dhabi Securities Exchange တို့တွင် ဖော်ပြထားပါသည်။

အူရီဒူးမြန်မာ၏ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ တွင်လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင်  ဆက်သွယ်ရေးဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် “အများပြည်သူ၏ ဒစ်ဂျစ်တယ်လူမှုဘဝများကို ပြည့်စုံကောင်းမွန်စေမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ 
အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4Gကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေးနိုင်ခဲ့သည့် အော်ပရေတာဖြစ်ပါသည်။
အူရီဒူးမြန်မာသည် လက်ရှိတွင် သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများအဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘ၀ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုချောမွေ့စွာ လုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို ပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင် ပေးသွားမည်ဖြစ်ပါသည်။ 

Instagram: @ooredoomyanmar