အူရီဒူးမြန်မာမှ products များ၊ ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်များအား အချိန်နှင့်တပြေးညီအသိပေးနိုင်ဖို့ Telegram Channel ကို စတင်အသုံးပြု

ရန်ကုန်၊ မြန်မာ။


အူရီဒူးမြန်မာက တန်ဖိုးထားရသည့် သုံးစွဲသူများနှင့် အမြဲမပြတ်ဆက်သွယ်နေရန်နှင့် update သတင်းများ၊ အသစ်ထွက်ရှိလာတဲ့ ကမ်းလှမ်းချက်များနှင့် Package များအကြောင်းကို အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားပေးနိုင်ရန်အတွက် Telegram channel ကို စတင်အသုံးပြုမည်ဖြစ်ပါသည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူးမြန်မာ၏ အထူးကမ်းလှမ်းချက်များအား ယင်း ထပ်မံတိုးချဲ့လိုက်သည့် ဒစ်ဂျစ်တယ် channel မှ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်မည်ဖြစ်ပါသည်။ 

Telegram channel သည် သုံးစွဲရလွယ်ကူပြီး မြန်မာပြည်သူများအကြား အသုံးများသည့် ဒစ်ဂျစ်တယ် channel တစ်ခုဖြစ်လာသည့်အတွက် အူရီဒူးမှ သုံးစွဲသူများအား အချိန်နှင့်တပြေးညီ ဆက်သွယ်အကြောင်းကြားနိုင်ရန်  ထပ်တိုးအသုံးပြုခြင်းဖြစ်ပါသည်။ အူရီဒူးအနေဖြင့်  “လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်းပေးရန်” ဟူသည့် မျှော်မှန်းချက်နှင့်အညီ အလေးထားဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများ၊ မြန်မာပြည်သူများနှင့် အဆက်အသွယ်မပြတ်ရှိနေစေဖို့ ခေတ်မီ ဒစ်ဂျစ်တယ်နည်းလမ်းများကိုဖော်ဆောင် အသုံးပြုလျက်ရှိပါသည်။ အူရီဒူးနဲ့အဆက်အသွယ်မပြတ်ရှိနေဖို့ အူရီဒူးမြန်မာ၏ Telegram channel ကို https://t.me/Ooredoo_Myanmar မှ ဝင်ရောက်ချိတ်ဆက်လိုက်ပါ။ 


ဆက်သွယ်ရန်

အူရီဒူးမြန်မာသတင်းပြန်ကြားရေးအဖွဲ့

+၉၅၉ ၉၇ ၃၃၃၃၃ ၂၂

CorpComm@ooredoo.com.mm 


အူရီဒူးမြန်မာ၏ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ တွင်လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင်  ဆက်သွယ်ရေးဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် “လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်းပေးရန်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ 

အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4Gကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေးနိုင်ခဲ့သည့် အော်ပရေတာဖြစ်ပါသည်။

အူရီဒူးမြန်မာသည် လက်ရှိတွင် သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာ ပေးအပ်လျက် ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘ၀ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုချောမွေ့စွာ လုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို ပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင် ပေးသွားမည်ဖြစ်ပါသည်။ 

Website: www.ooredoo.com.mm

Instagram: @ooredoomyanmar

Facebook: www.facebook.com/OoredooMyanmar 

LinkedIn: www.linkedin.com/company/ooredoomyanmar