ထိပ်တန်းတယ်လီကွန်းမှ အလားအလာကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများအား လက်မှတ်ရေးထိုးခဲ့ပြီး ၎င်း၏ ကမ္ဘာတစ်ဝှမ်းရှိလုပ်ငန်းများအကြား စိတ်လှုပ်ရှားဖွယ်သတင်းများ၊ နောက်ဆုံးရအချက်အလက်များအား မျှဝေ
ဘာစီလိုနာ၊ စပိန်/ ဒိုဟာ၊ ကာတာ။
သတင်းအချက်အလက်နည်းပညာအား ထိပ်တန်းဝန်ဆောင်မှုပေးအပ်နေပြီး 5G တွင် ကမ္ဘာ့ရှေ့ဆောင်လုပ်ငန်း များထဲမှ တစ်ခုဖြစ်သည့် အူရီဒူးသည် ၎င်း၏ သုံးစွဲသူအတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် တိုးမြှင့်ဖော်ဆောင်လျက်ရှိရာ Mobile World Congress ၂၀၂၂ ၌ လုပ်ငန်းနယ်ပယ်အတွင်း ဩဇာရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်များ၊ သဘောတူညီချက်များကို ပိုမိုခိုင်မာစေခဲ့သည်။
၎င်းပွဲ၏ အဓိကကဏ္ဍများဖြစ်သည့် 5G Connect၊ Advancing AI နည်းပညာ၊ Cloud Net ၊ FinTech ၊ Internet of Everything နှင့် Tech Horizon တို့ ဖြစ်သည့်အားလျော်စွာ အူရီဒူးမှ ၎င်းနှင့် လက်တွဲလုပ်ကိုင်လျက်ရှိသည့် မိတ်ဖက်လုပ်ငန်းများနှင့်သော်လည်းကောင်း၊ ၎င်းကဏ္ဍများနှင့်အညီ အခွင့်လမ်းများဖော်ဆောင်ရန် အလားအလာရှိသည့် မိတ်ဖက်သစ်များနှင့်သော်လည်းကောင်း တွေ့ဆုံခဲ့သည်။
Group မှ ပွဲအတွင်း အများအာရုံစိုက်စေသည့် ကြေညာချက်များစွာကို ပြုလုပ်ခဲ့ပြီး ထိပ်တန်းလုပ်ငန်းကြီးများနှင့် ထိပ်သီးအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို လက်မှတ်ရေးထိုးခဲ့သည်။
ပွဲအတွင်း အရေးပါသည့် ကြေညာချက်တစ်ခုမှာ အူရီဒူးအား အားကစားအဖွဲ့အစည်းကြီးဖြစ်သည့် FIFA နှင့် the Supreme Committee for Delivery and Legacy တို့မှ FIFA World Cup Qatar 2022™ အတွက် တရားဝင် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ချိတ်ဆက်ရေးဝန်ဆောင်မှု ပံ့ပိုးသူ (Official Global Connectivity Services Provider) အဖြစ် ဒိုဟာနှင့် အခြားသောဆက်စပ်နေရာများဖြစ်သည့် ဥရောပနှင့် အာရှတိုက်များအတွင်း ကမ္ဘာလုံးဆိုင်ရာအင်တာနက်ချိတ်ဆက်ပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
MWC တက်ရောက်သူများသည် အူရီဒူး၏ Ericsson နှင့် Nokia တို့နှင့် ပူးပေါင်းမှုများအား သိရှိခဲ့ရပြီး ၎င်းပူးပေါင်းဆာင်ရွက်မှုများတစ်လျောက် အထူးသီးသန့် LTE ကွန်ရက်ဖြင့် ဆီနှင့် ဓာတ်ငွေ့ဆိုင်ရာ အက်ပလီကေးရှင်းများနှင့် လုပ်ငန်းဆောင်တာများကိုပံ့ပိုးပေးနိုင်နိုင် ပုံမှန်ဖြစ်သော fixed နှင့် မိုဘိုင်းကွန်ရက် အနေအထားများထက်ကျော်လွန်ကာ ဝေးကွာသောနေရာဒေသများအထိပါ ရရှိနိုင်မှုမြင့်မားသော အသံနှင့် ဒေတာဝန်ဆောင်မှုများကို ပေးအပ်နိုင်မည်ဖြစ်သည်။
Toyota နှင့် KDDI တို့နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကိုလည်း မျှဝေခဲ့ပြီး အူရီဒူးအနေဖြင့် ကာတာမှ ချိတ်ဆက်ထားသောကားများအတွက် ဆက်သွယ်ရေးဝန်းဆောင်မှုပေးအပ်သူ ဖြစ်လာမည်ဖြစ်သည်။
အူရီဒူးနှင့် Google Cloud တို့မှ မဟာဗျူဟာမြောက် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာတစ်ခုကို ရေးထိုးခဲ့ပြီး ၎င်းသည် အူရီဒူး၏ ဒစ်ဂျစ်တယ်ထုတ်ကုန်များကို ပိုမိုအဆင့်မြင့် ကောင်းမွန်စေမည်ဖြစ်သည်။ MoU တွင် အူရီဒူးမှ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဆောင်ရွက်သည့် နေရာများတစ်လျောက် သုံးစွဲသူများနှင့် လုပ်ငန်းများအတွက် ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်စေရန် Google Cloud သည် အရေးပါသည့်နေရာမှ ပါဝင်မည်ဖြစ်သည်။
eSports ၏ ထူးခြားသော အလားအလာကောင်းများအတွက် လုပ်ငန်းနယ်ပယ်အတွင်း စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းရာတွင် အူရီဒူးမှ ၎င်း၏ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်သည့် Ooredoo Nation – Gamers’ Land ၏ အဆင့်မြှင့်တင်မှုတစ်ခုကို မျှဝေခဲ့ပြီး၊ သုံးပြီးငွေချေစနစ် အစီအစဉ်များအတွက် ဂိမ်းပိုင်းဆိုင်ရာ ထပ်မံတိုးချဲ့ထားသည်များအား စတင်မိတ်ဆက်မှု၊ Channel 0 ၏ စတင်မှု၊ Ooredoo tv ပေါ်မှ အထူးသီးသန့် ဂိမ်းကဏ္ဍ၊ နောက်ဆုံးပေါ် Ooredoo Arena ပြိုင်ပွဲများ၊ ကာတာနှင့် ဒေသတစ်ဝှမ်း eSports ပြကွက်ကို ပံ့ပိုးပေးရန်အတွက် အားစိုက်ဆောင်ရွက်ချက်ကို ပိုမိုခိုင်မာစေရန် Dell Technologies နှင့် ပူးပေါင်းဆောင်ရွက်မှုများ စသည်တို့အပါအဝင် မကြာသေးမီကဆောင်ရွက်ချက်များကို မျှဝေခဲ့သည်။
SAP နှင့် စိတ်လှုပ်ရှားဖွယ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကြေညာခဲ့ပြီး ၎င်းပူးပေါင်းဆောင်ရွက်မှုမှ SAP သည် အူရီဒူး၏ လုပ်ငန်းလည်ပတ်မှုအရင်းအမြစ်များစီမံခန့်ခွဲခြင်း (ERP) အက်ပလီကေးရှင်းများကို ပေါင်းစည်းထားသည့် လုပ်ငန်းစဉ်အစအဆုံးတစ်လျောက် သုံးစွဲသူအတွေ့အကြုံကို တိုးတက်ကောင်းမွန်စေရန် ဗဟိုပြု cloud ပလက်ဖောင်းသို့ စုစည်းပေးမည် ဖြစ်သည်။
Asiacell Iraq နှင့် Ooredoo Kuwait တို့ကို ကွန်ရက် အမြန်နှုန်း စံနှုန်းပြုသူ Ookla မှ ၎င်းတို့၏ ဝန်ဆောင်မှု ကောင်းများအတွက် အသိအမှတ်ပြုခဲ့သည့်အတွက်လည်း Ooredoo Group မှ ဂုဏ်ယူရပါသည်။ Asiacell Iraq အား အီရတ်နိုင်ငံတွင် အမြန်ဆန်ဆုံးမိုဘိုင်းကွန်ရက်နှင့် အကောင်းဆုံး မိုဘိုင်းကွန်ရက်လွှမ်းခြုံနို်ငမှုတို့ အတွက် အသိအမှတ်ပြုခြင်းခံရသလို Ooredoo Kuwait ကလည်း ကူဝိတ်နိုင်ငံအတွင်း အမြန်ဆုံး 5G ကွန်ရက် ဆောင်ရွက်ချက်အတွက် ဆုချီးမြှင့်ခံခဲ့ရပါသည်။
Deputy Group CEO နှင့် CEO of Ooredoo Qatar ဖြစ်သူ Sheikh Mohammed Bin Abdulla Al Thani မှ “ ကျွန်တော်တို့အနေနဲ့ Mobile World Congress ကို ပြန်လည်တက်ရောက်ရတာ ဝမ်းသာပါတယ်။ ဒီပွဲကြီးဟာဆိုရင် ကျွန်တော်တို့လုပ်ငန်းအတွက် အရေးကြီးပြီး ကျွန်တော်တို့ရဲ့လုပ်ငန်းနယ်ပယ်နှင့် ဆက်သွယ်ဖို့ ပြိုင်ဘက်ကင်းအခွင့်အလမ်းတစ်ရပ်ဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့အနေနဲ့ ICT ပိုင်းဆိုင်ရာ တိုးတက်မှုနှင့် ဖွံဖြိုးတိုးတက်မှုအခြေအနေတစ်ရပ်ကို ဝင်ရောက်လာပြီဖြစ်ပြီး အလားအလာကောင်းများစွာ ပြည့်နေသလို MWC က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထိပ်တန်းလုပ်ငန်းကြီးတွေနဲ့ အခွင့်အလမ်းသစ်တွေရှာဖွေဖို့ စံနမူနာပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ကော်ပိုရိတ်ဆိုင်ရာ မဟာဗျူဟာထဲမှ အရေးပါတဲ့ဗျူဟာတစ်ရပ်မှာ ကျွန်တော်တို့ လုပ်ငန်းနယ်ပယ်အတွင်း ကမ္ဘာ့ထိပ်တန်းလုပ်ငန်းကြီးများအား ရှာဖွေရန်နှင့် ပူပေါင်းဆောင်ရွက်မှု များ ဖော်ဆောင်ရန်ဖြစ်ပြီး ကျင်းပပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုများ၊ ဆွေးနွေးမှုများက စိတ်လှုပ်ရှားဖွယ် ပူးပေါင်းဆောင်ရွက်မှုများနှင့် အလားအလာကောင်းသောအခွင့်အလမ်းများစွာအား ရစေခဲ့ပါတယ်။ MWC စီစဉ်သူများတွေကို ယခုလို ထိရောက်မှုရှိပြီး စိတ်ကျေနပ်ဖွယ်ပွဲကြီးတစ်ခု စီစဉ်ပေးလို့ ကျေးဇူးတင်ရှိပါတယ်။ ရလဒ်ကောင်းအနေနဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းမှာ သံသယဖြစ်ဖွယ်မရှိ ရလဒ်ကောင်းများတွေ့ရှိနိုင်ဖို့ စောင့်မျှော်လျက်ရှိပါတယ်။” ဟု ပြောကြားလိုက်သည်။
ဆက်လက်၍ အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံး တယ်လီကွန်းတစ်ခုအဖြစ် Indosat Ooredoo Hutchison ပေါ်ပေါက်လာစေရန် Indosat Ooredoo နှင့် CK Hutchison တို့၏ မကြာသေးမီက ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ကုမ္ပဏီအသစ်၏ ကွန်ရက်ဆိုင်ရာပေါင်းစည်းမှုကို အရေးပါသည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးရန် လုပ်ငန်းကြီးများဖြစ်သည့် Ericsson၊ Nokia၊ HUAWEI တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အခြားသော ထင်ရှားသည့် တွေ့ဆုံမှုများမှာ Amazon Web Services၊ Samsung ၊ ZTE ၊ Meta ၊ Oracle ၊ Cisco ၊ Microsoft နှင့် Tofane/iBasis တို့နှင့် တွေဆုံဆွေးနွေးမှုများပါဝင်သည်။