Visa ရဲ့ Brand Symbol အသစ်နဲ့အတူ Brand Identity Rebranding

 

၁၉၅၈ ကတည်းက Bank Americard ရယ်လို့ စတင်ခဲ့ပြီးနောက်ပိုင်း Visa လို ့နာမည်ပြောင်းလိုက်တဲ့ ကမ္ဘာမှာ ခေတ်ရှေ့ပြေး Digital Payment ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကတော့ သူ့ရဲ့ Brand Symbol နဲ့ Brand Identity ကို ၂၀၂၂ ထဲမှာ ထပ်ပြီး ချိန်းလိုက်ပြန်ပါတယ်။ ဒီလို Rebrand မလုပ်ခင်မှာ Visa က သူ့ရဲ့ စျေးကွက်ထဲက Key Stakeholders တွေနဲ့ နာရီပေါင်း ၂၀၀ကျော်လောက် စကားပြောပြီး Research တွေလုပ်ခဲ့ပါတယ်။
ဒီလို အချိန်ပေး Research လုပ်ရာကနေ ထွက်လာတဲ့ အချက်တွေက Brand Blueprint ဖန်တီးရာမှာ အများကြီး အထောက်အကူပြုခဲ့ပြီး Visa ရဲ့ Mission Statement ရေးသားဖို့အတွက်ပါ Foundation ကောင်းကောင်း ဖြစ်ခဲ့ပါတယ်။ ဒါကတော့ Visa ရဲ့ Mission Statement ပါ။

“We believe that economies that include everyone everywhere, uplift everyone everywhere.”



Visa New Brand Identity

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝန်ဆောင်မှုပေးနေတဲ့ Visa အတွက်တော့ ဒီ Brand Identity Refresh လုပ်တဲ့အခါ Brand Identity System တစ်ခုကို ဖန်တီးဖို့ အရမ်းအရေးကြီးသွားပါတယ်။ နှစ်ပေါင်း ၆၀ကျော်သက်တမ်းရှိတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်လို့လည်း Digital First ဖြစ်လာတဲ့ ကမ္ဘာကြီးကို မျှော်တွေးရင်း မူလ အနှစ်သာရလည်း လုံး၀ပျောက်မသွားအောင် ဖန်တီးဖို့က စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။
Visa Brand Identity ပြောင်းလဲလာပုံ အဆင့်ဆင့်

Primary Brand Mark

Visa ရဲ့ Brand Mark က ယုံကြည်မှု၊ လုံခြည်မှုနဲ့ Financial Access ဆိုပြီး အဓိပ္ပါယ်ဆောင်နေတာဖြစ်လို့ Brand Mark ဒီဇိုင်းကိုတော့ အများကြီး မပြောင်းထားပဲ New Brand Story ပြောဖို့အတွက် အရောင်ပဲ ချိန်းထားပါတယ်။ ပိုပြီး Dynamic ဖြစ်တဲ့ အရောင် ပိုတောက်တဲ့ ပိုပြီး Evolved အရောင်ကိုယူထားပါတယ်။ ဒီလိုအရောင်ပြောင်းလိုက်တာကလည်း အပြိုင်အဆိုင်များတဲ့ Digital World မှာ ပိုပြီး မြင်သာထင်သာရှိစေဖို့ပါ။

Supporting Brand Symbol

Visa အတွက် Brand Symbol က Stripe ၂ခုပဲ ဖြစ်သွားပါပြီ။ (Master Card ကို အမှီပြုပြီး တုပထားသလား ထင်ရပါတယ်။ စကားချပ်) ဒီ Brand Symbol က နေရာတိုင်းက လူတိုင်းပါဝင်တဲ့ လူတိုင်းရဲ့ ဘ၀တွေကို မြှင့်တင်ပေးတဲ့ Economies ဆိုတဲ့ ယုံကြည်ချက်နဲ့ တန်ဖိုးကို ကိုယ်စားပြုပါတယ်။ ဒီ Brand Symbol ဟာ Visa နှစ်ပေါင်း ၆၀လောက်တည်ဆောက်ခဲ့တဲ့ အမွေအနှစ်နဲ့ equity ကိုပါ အားဖြည့်ပေးနေမှာပါ။