၂၀၂၁ ကတော့ Mascot နှစ်များလားလို့တောင် သံသယဖြစ်မိပါတယ်။ Brand အတော်များများ Mascot တွေ မိတ်ဆက်လာကြပါတယ်။ ဒါကလည်း နိုင်ငံရေးကြောင့် Brand Ambassador သုံးဖို့ အရမ်းစဉ်းစားလာရခြင်းရဲ့ နောက်ဆက်တွဲများဖြစ်လေမလားလို့ မဆီမဆိုင်တွေးမိပါသေး။
ချစ်စရာ စက်ရုပ် Mascot လေးနဲ့ ပွဲထွက်လာပြန်တာကတော့ "U = U" (U Equals U) ဆိုတဲ့ သတင်းစကားကို မြန်မာနိုင်ငံမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေ၊ HIV ပိုးနှင့် နေထိုင်သူများ (PLHIVs) ၊ သူတို့ မိသားစုဝင်တွေ၊ ပိုးကူးစက်ခံရနိုင်ခြေများတဲ့ ဦးတည်အုပ်စုဝင်တွေနဲ့ အများပြည်သူလူထုကို အသိပေးမျှဝေနေတဲ့ ရှေ့ဆက်တို့အတူ U=U ဆိုတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။စက်ရုပ် Mascot လေးရဲ့ နာမည်ကတော့ အတူတူ (A22) ပါ။ မြန်မာလိုခေါ်မယ်ဆို အတူတူ....English လိုခေါ်မယ်ဆို A22 ပေါ့ ဆိုပြီး ခပ်သွက်သွက် စကားပြောနဲ့ မိတ်ဆက်ထားပါတယ်။
ဒီ အတူတူ Mascot လေးကတော့ ကတော့ U=U ( U Equals U ) သတင်းစကားကို လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးဖို့ တာဝန်ယူထားပြီး သူ့ရဲ့တာဝန်က
ယောကျာ်းလေးကော မိန်းကလေးကော လာပြီးတိုင်ပင်တဲ့သူတိုင်းကို
အကြံဉာဏ်လေးတွေပေးရတဲ့ စက်ရုပ်လေးဘဝဆိုတော့ ဘယ်အုပ်စုထဲမှမပါတဲ့
စက်ရုပ်အချောလေးလို့ ဆိုပြန်ပါတယ်။
ဘာလို့ အတူတူလေးက (A22) လေးက အနီရောင်လေးဖြစ်နေရတာလဲ?ရှေ့ဆက်တို့အတူ U=Uရဲ့ သတင်းစကားတွေကို ဖြန့်ဝေပေးရတဲ့ စက်ရုပ်လေးဖြစ်ပြီး U=U ရဲ့
ရဲရင့်ပြတ်သားမှုကို ကိုယ်စားပြုတဲ့အနီရောင်ကို ရွေးချယ်ထားတာလို့ သိရပါတယ်။
ဒီ A22 ဆိုတဲ့ Mascot လေးကို Social Media Design တွေမှာရော၊ ရုပ်ပြတွေမှာပါ ပြန်လည်အသုံးပြုတာကိုတွေ့ရပါတယ်။
Credit
Agency - B360 Marketing Consulting Firm
Creative Director - Leon
Graphic Designer - Wai Htoo Han
Illustrator - K
Associate Account Director - Ei Ei Mon