နာမည်ကြီး Snack Food Brand ဖြစ်တဲ့ Lay's ရဲ့ Campaign အသစ်ကတော့ အတော်လေး ခေတ်မီပြီး လူတွေလိုအပ်နေတာနဲ့ အကိုက်လို့ ဆိုရမှာပါ။
ကျွန်တော်တို့တွေ Video ကြည့်ရင်း အာလူးကြော်ဝါးတဲ့အခါ ကိုယ်ဝါးတဲ့ အားလူးကြော်ရဲ့ တဂျွတ်ဂျွတ်အသံကြောင့် Video ထဲက အသံတွေကို ကောင်းကောင်းမကြားရတာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။
ဒါကို သိတဲ့ Lay's နဲ့ သူ့ရဲ့ ကြော်ငြာအေဂျင်စီဖြစ်တဲ့ Happiness တို့ပေါင်းပြီး Google Chrome Extension တစ်ခုကို Develop လုပ်ပါတယ်။ အဲ့ဒီ Chrome Extension အလုပ်လုပ်ပုံကလည်း အစားပါ။
အာလူးကြော်ဝါးတဲ့ တဂျွတ်ဂျွတ်အသံကို ကြားရတာနဲ့ သင်ကြည့်နေတဲ့ YouTube Video ကို Lay's ရဲ့ Chrome Extension က အလိုလျောက် စာထိုးပေးမှာပါ။ ဒီတော့ အာလူးကြော်ဝါးသံ ဘယ်လောက်ကျယ်ကျယ် ကိုယ်ကြည့်နေတဲ့ Video မှာ ဘာပြောသွားလဲဆိုတာ မလွတ်တော့ဘူးပေ့ါ။
ကြော်ငြာ Campaign အသေးစိတ်ကို သိဖို့ ဒီ Video မှာ ကြည့်ပါ။
တကယ်လို့ ဒီ Crispy Subtitles Extension ကိုစမ်းကြည့်ချင်တယ်ဆိုရင် အောက်ကလင့်ကနေ ဝင်ကြည့်လို့ရပါတယ်။