အလုပ်လုပ်ရင်း မသောက်နဲ့။ လို့ပြောလိုက်တဲ့ Heineken ရဲ့ Smart Working? Campaign

မူးရင် မမောင်းနဲ့။ မောင်းရင် မမူးနဲ့လို့ အရင်ကပြောကြပါတယ်။ ဒါပေမယ့် ကိုဗစ်ဖြစ်သွားတဲ့အခါမှာ Work From Home အလေ့အထ တွင်ကျယ်သွားပြီး ဝန်ထမ်းတွေဟာ အိမ်နေရင်း အဝတ်အစားနဲ့ Zoom Meeting တက်တာတွေ၊ မုန့်စားရင်း Meeting တက်တာမျိုးတွေရှိလာတဲ့ အကြောင်းကို အခြေပြုပြီး နာမည်ကြီး ဘီယာ အမှတ်တံဆိပ်ဖြစ်တဲ့ Heineken က Smart Working? ဆိုတဲ့ ကြော်ငြာ ဗီဒီယိုကို ရိုက်ကူးပါတယ်။ အတိုချုံးပြောရရင်တော့ Smart ကျကျ အလုပ်လုပ်တယ်ဆိုရင် အလုပ်လုပ်ရင်း မသောက်ပါနဲ့ခင်ဗျာတဲ့။ Publicis Italy ရဲ့ လက်ရာပါ။


Client - Heineken

Agency - Publicis Italy

Campaign Type - Films

Country - Italy

Category - Non-alcoholic Drinks