ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းဆက်သွယ်ရေး အမှတ်တံဆိပ် ၅၀ တွင် Ooredoo Group ပါဝင်

မကြာသေးမီက ထုတ်ပြန်ခဲ့သော ၂၀၂၂ခုနှစ်၏ Brand Finance Telecoms 150  အစီရင်ခံစာအရ Ooredoo Group သည် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းဆက်သွယ်ရေးအမှတ်တံဆိပ် ၅၀ စာရင်းတွင် ထပ်မံ အဆင့်သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့ထိပ်တန်း တယ်လီကွန်းကုမ္ပဏီများထဲမှတစ်ခုအဖြစ် ရပ်တည်မှုနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ 

Ooredoo Group ၏ အမှတ်တံဆိပ်တန်ဖိုးသည် ၂၀၂၁ ခုနှစ်ရှိ ၎င်း၏တန်ဖိုးထက် ၆% တိုးလာပြီး ကုမ္ပဏီသည် စုစုပေါင်းအမှတ်တံဆိပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၄၁၂ ဘီလီယံဖြင့် ခြောက်နှစ်ဆက်တိုက် အဆင့်သတ်မှတ်ချက်စာရင်းတွင် ပါဝင်ခဲ့သည်။ Group သည် ၎င်း၏အမှတ်တံဆိပ်ခိုင်မာမှုအညွှန်းကိန်း ၇၉ နှင့် အမှတ်တံဆိပ်အဆင့်သတ်မှတ်ချက် AA+ ကို လေးနှစ်ဆက်တိုက် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

လုပ်ငန်းတန်ဖိုးသတ်မှတ်ခြင်းနှင့် မဟာဗျူဟာပိုင်းဆို်ငရာအကြံပြုသည့် Brand Finance မှ Ooredoo Group ၏ လုပ်ငန်းလည်ပတ်နေသောကုမ္ပဏီများဖြစ်သည့် အင်ဒိုနီးရှား၊ အယ်လ်ဂျီးရီးယား၊ တူနီးရှားနှင့် ကာတာ တို့မှ ကောင်းမွန်သည့် စီးပွားရေးစွမ်းဆောင်မှုများကြောင့် အမှတ်တံဆိပ်တန်ဖိုး၏ ၆% တိုးတက်မှုကို တစ်စိတ်တစ်ပိုင်းရည်ညွှန်းသည်။

Brand Finance သည် ကမ္ဘာတစ်ဝှမ်းရှိ ဆက်သွယ်ရေးကုမ္ပဏီများ၏ တန်ဖိုးသတ်မှတ်ချက်များအလိုက် အဆင့်သတ်မှတ်ချက်များစာရင်းကို နှစ်စဉ်ထုတ်ပြန်ပါသည်။ လုပ်ငန်းအမှတ်တံဆိပ်အသီးသီးအား စျေးကွက် ချဲ့ထွင်ခြင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးကျွမ်းဝင်မှု၊ အစဉ်တစိုက်သုံးစွဲမှု၊ ဝန်ထမ်းများ၏စိတ်ကျေနပ်မှုနှင့် ကော်ပိုရိတ်နာမည်ဂုဏ်သတင်း စသည့်အချက်များအပေါ် အခြေခံ၍ ၎င်းတို့၏အားသာချက်ကိုအကဲဖြတ်ရန် ပထမဆုံးအနေဖြင့်တွက်ချက်သည်။ ထို့နောက်  ယင်းအားသာချက်ကို အဆိုပါအမှတ်တံဆိပ်၏ တန်ဖိုးကို တိုင်းတာရန်အသုံးပြုပြီး ၎င်းကို လုပ်ငန်း၏ဝင်ငွေအပေါ် အမှတ်တံဆိပ်၏ပံ့ပိုးပေးနိုင်မှုအချိုးဖြင့် တွက်ချက်သည်။ လုပ်ငန်းစဉ်တစ်ခုစီမှ အချက်အလက်များကို ကမ္ဘာ့တန်ဖိုးအရှိဆုံး တယ်လီကွန်း အမှတ်တံဆိပ်များ၏ အဆင့်သတ်မှတ်ရန် အသုံးပြုပါသည်။

Brand Finance သည် Ooredoo Group ၏ brand value ကို ၂၀၁၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအမှတ်တံဆိပ်အဖြစ် စတင်မိတ်ဆက်ချိန်မှစ၍ အနီးကပ်စောင့်ကြည့်ခဲ့ပြီး ယခု Group သည် ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးအမှတ်တံဆိပ် ၅၀ တွင် ခြောက်နှစ်မြောက်ဆက်တိုက် ပါဝင်လာနိုင်ခဲ့သည်။ ဒိုဟာအခြေစိုက်ဆက်သွယ်ရေးဝန်ဆောင်မှုပေးအပ်သည့်ကုမ္ပဏီသည်  အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှတစ်ဝှမ်းရှိ စျေးကွက် ၁၀ ခုတွင် လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီများ ရှိပါသည်။

Ooredoo Group သည် အဓိကကျသော ဗျူဟာမြောက်နယ်ပယ်များအနှံ့ ခိုင်မာသောတိုးတက်မှု ဖော်ဆောင်ခြင်းကို ဈေးကွက်ဆိုင်ရာလမ်းကြောင်းများ ပြောင်းလဲမှုများမှ ရရှိလာသော ဒစ်ဂျစ်တယ် အခွင့်အလမ်းများနှင့် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ခြင်းတို့ကို အရှိန်အဟုန်မြှင့်တင်ခြင်းတို့ဖြင့် အခွင့်အရေးများအားဖမ်းဆုပ် ဆောင်ရွက်လျက်ရှိသည်။ 

၎င်း၏ မြန်ဆန်ပြီး လိုက်လျောညီထွေရှိသော နည်းလမ်းဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရန် မဟာဗျူဟာစီမံချက်နှင့်အညီ ကွန်ရက်များ၊ နည်းပညာနှင့် လူများတွင် ရင်းနှီးမြှုပ်နှံမှုသည် ကုမ္ပဏီအား အသွင်ပြောင်း ဒစ်ဂျစ်တယ်အတွေ့အကြုံများ ပေးအပ်နိုင်စေပြီး ၎င်းအား ကမ္ဘာ့စျေးကွက်တွင် ထိပ်တန်းဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်သူအဖြစ် ရပ်တည်စေနိုင်ခဲ့သည်။ 


Ooredoo Group ၏ အဆင့်အတည်ပြုသတ်မှတ်ခံရခြင်းအပေါ် ပြောကြားရာတွင် Sheikh Mohammed Bin Abdulla Al Thani, Deputy Group Chief Executive Officer at Ooredoo က “ထိပ်တန်း ဆက်သွယ်ရေးအမှတ်တံဆိပ် ၅၀ တွင် ထပ်မံသတ်မှတ်ခြင်းခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပြီး ခြောက်နှစ်ဆက်တိုက် ၎င်းဂုဏ်သိက္ခာရှိသော အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ခြင်းအတွက် ကျေနပ်အားရမိပါတယ်။ ဒါဟာဆိုရင် ကျွန်တော်တို့၏ ဆက်သွယ်ရေးလုပ်ငန်းမှာ များစွာပံ့ပိုးကူညီပေးခဲ့နိုင်ခြင်း အတွက် သိသာသော သက်သေတစ်ခုဖြစ်ပြီး ကျွန်တော်တို့၏ စျေးကွက်များအတွင်း အကောင်ဆုံးသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် တီထွင်ဆန်းသစ်ခြင်း၊ နည်းပညာနှင့် လူ့အရင်းအမြစ်ကို ရင်းနှီးမြှုပ်နှံခြင်းတို့ကို  အလေးထားဆောင်ရွက်ခြင်းများအတွက်တွက် ရရှိလာသော တိုက်ရိုက်ရလဒ်လည်း ဖြစ်ပါသည်” ဟု ပြောကြားခဲ့ပါသည်။

၎င်းက ဆက်လက်၍ “ ကျွန်တော်တို့အနေနဲ့ စီးပွားဖြစ် 5G ၏ ရှေ့ဆောင်တစ်ဦးအဖြစ်သော်လည်းကောင်း၊ ကျွန်တော်တို့ကိုယ်ပိုင် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုနှင့် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်မှု စသည့် နှစ်ရပ်စလုံးတွင် စိတ်လှုပ်ရှားဖွယ်ရာတိုးတက်မှုများကို လုပ်ဆောင်လျက်ရှိခြင်းဖြင့် ရပ်တည်မှုကို ပိုမိုခို်ငမာစေပါတယ် ။ ကျွန်တော်တို့၏ ပြိုင်ဆိုင်နိုင်စွမ်းရှိသော မဟာဗျူဟာ၊ သန်မာသော ဦးဆောင်မှု နှင့် စမတ်တယ်လီကွန်းအဖြစ် ထွန်းပေါက်လာစေရန် အားစိုက်ဆောင်ရွက်ချက်တွေက ကျွန်တော်တို့ကို ရပ်တည်မှုကောင်းရရှိအောင် ယခုကဲ့သို့အရှိန်အဟုန်ဖြင့် ရှေ့သို့တွန်းပို့နိုင်စေပြီး နောင်လာမည့်နှစ်များတွင် ကျွန်တော်တို့၏ အမှတ်တံဆိပ်တန်ဖိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး တိုးမြှင့်နိုင်စေမည်ဟု ယုံကြည်ပါသည်”ဟု ပြောကြားလိုက်ပါသည်။

Ooredoo Group အကြောင်း

အူရီဒူးသည် အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှတို့တွင် ဝန်ဆောင်မှုပေးလျက်ရှိသော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီး ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ဝန်ဆောင်မှုပေးလျက်ရှိပြီး အကောင်းဆုံးဒေတာအတွေ့အကြုံအား ဒေတာဗဟိုပြု မိုဘိုင်းနှင့် ပုံသေတပ်ဆင်ထားသော ကွန်ရက်များမှတဆင့် အစီအစဉ်များနှင့်ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။
အူရီဒူးသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ်ပြန်ချက်အရ ဝင်ငွေ ကာတာရီရယ် (QAR)  ၃၀ ဘီလီယံ ရရှိထားပါသည်။ ၎င်း၏ ရှယ်ယာများကို Qatar Stock Exchange နှင့် the Abu Dhabi Securities Exchange တို့တွင် ဖော်ပြထားပါသည်။

အူရီဒူးမြန်မာ၏ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ တွင်လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင်  ဆက်သွယ်ရေးဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် “အများပြည်သူ၏ ဒစ်ဂျစ်တယ်လူမှုဘဝများကို ပြည့်စုံကောင်းမွန်စေမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ 
အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4Gကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေးနိုင်ခဲ့သည့် အော်ပရေတာဖြစ်ပါသည်။
အူရီဒူးမြန်မာသည် လက်ရှိတွင် သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများအဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘ၀ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုချောမွေ့စွာ လုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို ပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင် ပေးသွားမည်ဖြစ်ပါသည်။ 

Instagram: @ooredoomyanmar