iSure Brand ကို စကားလုံးအမှတ်အသားအသစ်နဲ့ သင်္ကေတအသစ်ပြောင်းပြီ

Apple Products တွေ၊ Service တွေနဲ့ ပတ်သက်လာရင် လူအများ နှစ်ခြိုက်တဲ့ iSure ကတော့ သူ့ရဲ့ Brand ကို စကားလုံးအမှတ်အသားအသစ်၊ သင်္ကေတအသစ်ကို ပြောင်းပြီလို့ ကြေငြာလိုက်ပါတယ်။

Video ကြည့်ရန်


ကြေငြာချက်အပြည့်အစုံ

ကမ္ဘာပေါ်မှာ Apple Products တွေကို သဘောကျ နှစ်သက်ပြီး Apple လို အောင်မြင်ချင်တဲ့ သူတွေ အများကြီး ရှိတဲ့အထဲမှာ iSure ကလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
စတင်တည်ထောင်ကတည်းက ကျွန်တော်တို့ iSure ကနေ လူတွေအများကြီးအတွက် Apple ပစ္စည်းတွေကို လက်လှမ်းမှီစွာသုံးစွဲနိုင်ဖို့နဲ့ Apple ပစ္စည်းတွေက လူနေမှုဘဝတွေကို ဘယ်လိုတွေတိုးတက်အောင်လုပ်ပေးနိုင်တယ်ဆိုတာကိုပြသရင်းနဲ့ မြန်မာလူမျိုးတွေရဲ့လူနေမှုဘဝပုံစံတွေကို မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။
ပိုပြီးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့နဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်တွေကို ပိုမို ဖြည့်ဆည်းပေးနိုင်ဖို့ရည်ရွယ်ပြီး ကျွန်တော်တို့ အဖွဲ့အစည်းကို ဖြည့်စွက် မွမ်းမံခြင်း၊ ဝန်ဆောင်မှု အဆင့် ထပ်မံ မြှင့်တင်ခြင်း များ ဆောင်ရွက်ရန် အချိန်ကျရောက်လာပြီလည်း ဖြစ်ပါတယ်။
iSure ကို ယုံကြည်စွာနဲ့ အားပေးခဲ့ကြတဲ့ မိတ်ဆွေများကို ဂုဏ်ယူစွာနဲ့ ပြောပြချင်တာကတော့ ကျွန်တော်တို့ iSure Brand ကို စကားလုံးအမှတ်အသားအသစ်နဲ့ သင်္ကေတအသစ်ပြောင်းလဲပြီး အဆင့်မြှင့်တင်လိုက်ပါတယ်။
ကျွန်တော်တို့ဟာဆိုရင် ဝယ်ယူသူတွေကို အကောင်းဆုံး ဂရုစိုက်မှုတွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်တယ်ဆိုတဲ့စံနှုန်း ကို အလွန်တန်ဖိုးထားဂုဏ်ယူ ပါတယ်။ ဒါကြောင့် သင်္ကေတအသစ်မှာ ဂရုစိုက်ခြင်းနဲ့ ယုံကြည်မှုကို ကိုယ်စားပြုပေး လက်နှစ်ဖက်နဲ့ ပုံဖော်ထားတဲ့ ‘S’ဆိုတဲ့ ကနဦးအင်္ဂလိပ်စကားလုံးပါဝင်ပါတယ်။
ပြောင်းလဲသွားတဲ့ သင်္ကေတဟာ ကျွန်တော်တို့ iSure ရဲ့ အမှတ်တံဆိပ် တစ်ခုထက်ပိုပါတယ်။ ကျွန်တော်တို့ ကြိုးစားတည်ဆောက်သွားချင်တဲ့ “ယုံကြည်မှု၊ ဂရုစိုက်မှု”တွေနဲ့ အချင်းချင်း ဆက်ဆံ သွားကြမယ့် လူမှုအသိုက်အဝန်းကို ကိုယ်စားပြုမယ့် သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အဓိက မပြောင်းလဲသေးတဲ့ တန်ဖိုးကတော့ သင်တို့ကို ပိုမိုကောင်းမွန်တဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကိုပေးနိုင်ဖို့နဲ့ Apple ထုတ်ကုန်များကို လူပေါင်းများစွာထံ ယူဆောင်လာပေးနိုင်ဖို့ပဲဖြစ်ပါတယ်။
အမှတ်တံဆိပ်အသစ် ကို မိတ်ဆက်ခြင်းနဲ့အတူ မိတ်ဆွေတို့ အတွက် Mobile Phone ပြုပြင်ခြင်း ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် “SureFix” ဆိုတဲ့ iSure ရဲ့ အစိတ်အပိုင်း အသစ်တစ်ခုနဲ့ ထပ်မံ မိတ်ဆက်ပေးပါရစေ။
“SureFix” အကြောင်းပိုမိုလေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ “SureFix” Facebook page ကို Like and Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။
SureFix အကြောင်းပိုမိုလေ့လာရန် - https://www.facebook.com/SureFixbyiSure
 
-
Good Days Everyone.
In the world where everyone is trying to be like Apple, We were no exception as we were so inspired by Apple Products. Over the years, we, iSure has been trying to enhance the lifestyle of Myanmar People by making Apple Products accessible to many people and showing the ways how Apple Products can improve the quality of life.
To serve better and to meet our customers' needs, we're now taking a bold step to redefine, evolve our brand, and what we can offer to our customers. We're proud to announce to you that we have updated our brand identity, including a new wordmark and icon.
We're so inspired by how we can serve our customers with the most attention and care. Hence, the new symbol encapsulates two hands and an "S" initial. Our core value which hasn't changed has always been to serve you better with the best services and bringing the Apple products to more people.
This new identity is not only the logo for iSure. It is the representation of the community that we are trying to build.
With the introduction of the new identity, We are also giving you the new unit “SureFix” to offer better solutions and more dedicated support for Mobile Phone Repair Services. To learn more about our new Unit “SureFix”, We invite you to like and follow the new “SureFix” Facebook page.