မကြာသေးခင်ကမှ Coca-cola ကို ရှယ်ယာတန်ဖိုးတွေပါကျစေတဲ့အထိ ပွက်လောရိုက်အောင် Ronald က လုပ်ပြခဲ့ပါတယ်။ Ronaldo ဟာ ပေါ်တူဂီနဲ့ ဟန်ဂေရီအသင်းပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စားပွဲခုံပေါ်က Coca-cola ဘူးတွေကို ဖယ်လိုက်ပြီး ရေဘူးကိုကိုင်ကာ ရေသောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ရေပန်းစားသွားသော Roanldo Video
ဒီဖြစ်ရပ်ကြောင့် Coca-cola PR Team အနေနဲ့ ခေါင်းမီးလောင်နေကြပေမယ့် IKEA ကတော့ ဒီ Trend အပေါ်တည်ပြီး Product ကြော်ငြာ တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။
ဒါကတော့ IKEA ရဲ့ Refill လုပ်လို့ရတဲ့ ဖန်ရေဘူးဖြစ်ပြီး ဘူးနာမည်ကိုတော့ Cristiano လို့ပေးထားတဲ့အပြင် "ဒီဘူးဟာ ရေပဲ ပြန်ဖြည့်ပြီး သုံးလို့ရတဲ့ ဘူးတစ်ဘူး" လို့ပါဖော်ပြထားပါတယ်။
"Drink water, suistainably" ဆိုတဲ့ သတင်းစကားနဲ့အတူ IKEA Canada ဟာ Instagram မှာ Ronaldo နဲ့ Euro 2020 တို့ကိုပါ Tag လုပ်ပြီး တင်ထားတာဖြစ်ပါတယ်။