၁၀နှစ်ပြည့် နှစ်ပတ်လည်ကို Mascot အသစ်နဲ့ ကျင်းပလိုက်တဲ့ foodpanda

foodpanda mascot pau pau

Asia ရဲ့ နာမည်ကြီး ထိပ်တန်း Delivery & Grocery Platform ဖြစ်တဲ့ foodpanda ကတော့ သူ့ရဲ့ ၁၀နှစ်ပြည့်ပွဲမှာ ပထမဆုံး Mascot Brand Ambassador အနေနဲ့ Pau-pau လို့အမည်ရတဲ့
ပန်ဒါလေးကို ပွဲထုတ်လိုက်ပါတယ်။
ပန်းရောင် ပန်ဒါဝက်ဝံလေးကို Digital Marketing Touchpoints တွေမှာ မကြာခဏမြင်တွေ့ရဖွယ်ရှိနေပါပြီ။ Pau-Pau လေးက ချစ်စရာကောင်းတဲ့ Mascot တစ်ခုအဖြစ်သာမကဘဲ စားသုံးသူတွေအနေနဲ့ Delivery ကို အသုံးပြုပုံပြီး သူတို့ရဲ့ဘ၀တွေမှာ တက်ကြွမှုနဲ့ ပျော်ရွှင်မှုတွေ ရရှိစေချင်တဲ့ သဘောလို့ ယူဆပါတယ်။

 


တကယ်တော့ ဒီ Pau-Pau လေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာကတည်းက ဂျပန်၊ ထိုင်ဝမ်နဲ့ ကမ္ဘောဒီးယားတို့မှာ ပွဲထွက်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံမှာ​တော့ မကြာခင် မိတ်ဆက်မယ်လို့ ယူဆပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာကလည်း foodpanda က သူ့ရဲ့ q-commerce ဝန်ဆောင်မှုအတွက် Xiaomi နဲ့ Partnership လုပ်လိုက်တယ်လို့လည်း ကြေညာသွားပါသေးတယ်။ ကဲ foodpanda ရဲ့ ခပ်စိပ်စိပ်လှမ်းလာတဲ့
ခြေလှမ်းတွေကို စောင့်ဖတ်ဖို့ Campaignweekly ကိုလည်း follow လုပ်ထားပါဦး။