Tech Age Girls (TAG) အစီအစဉ်မှ နောက်ဆုံးအဆင့် လူမှုဝန်းကျင်အကျိုးပြု စီမံကိန်းပြိုင်ပွဲတွင် ဆုရရှိသူ (၄၀) ဦးအား ထုတ်ပြန်ကြေညာ


ရန်ကုန်၊ မြန်မာ။

တစ်နှစ်ကြာမြင့်သည့် လေ့ကျင့်သင်ကြားမှုများအပြီးတွင် Tech Age Girls (TAG) အစီအစဉ်၏ နောက်ဆုံးအဆင့် လူမှုဝန်းကျင်အကျိုးပြုစီမံကိန်းပြိုင်ပွဲတွင် အနိုင်ရရှိသူ (၄၀)ဦးအား ထုတ်ပြန်ကြေညာ လိုက်ပါသည်။

၎င်း အနိုင်ရရှိသူ အယောက် (၄၀) သည် ခေါင်းဆောင်မှုပိုင်းဆိုင်ရာထိပ်သီးအစည်းအဝေး (Leadership Summit) သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာဒေသများရှိ ၎င်းတို့ အဆိုတင်သွင်းထားသော လူမှုဝန်းကျင်အကျိုးပြု စီမံကိန်းများကိုဆောင်ရွက်ရန်အတွက် လိုအပ်သောလမ်းညွှန်မှု၊ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကို ရရှိမည် ဖြစ်ပါသည်။

TAG အစီအစဉ်၏ အခန်းကဏ္ဍသုံးပိုင်းတွင် သင်ယူလေ့လာမှုများပြီးမြောက်သွားပြီးနောက် သင်တန်းသူ ၁၀၈ ဦးသည် နောက်ဆုံးအဆင့် စီမံကိန်းများတင်ပြခြင်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြို်ငသူများအနေဖြင့် လက်ရှိ TAG အစီအစဉ်တွင် လေ့လာသင်ယူထားသော နည်းပညာဗဟုသုတများကို အသုံးချခြင်းဖြင့် လူမှုဝန်းကျင်အသီးသီး၏လိုအပ်ချက်များအပေါ်အခြေခံ၍ ဖြေရှင်းချက်များကို ရှာဖွေဖော်ထုတ်ခဲ့ကြပါသည်။ ဆုရရှိသူများကို ၎င်းတို့၏ စီမံကိန်းဆိုင်ရာတင်ပြချက်များနှင့် စီမံကိန်းအသီးသီးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းများအပေါ် အခြေခံ၍ ရွေးချယ်ခဲ့သည်။ သက်ဆိုင်ရာ လူမှုအသိုင်းအဝန်းများ၏ လိုအပ်ချက်များကို စိစစ်ဆောင်ရွက်နိုင်ခြင်း၊ တွဲဖက်ဆောင်ရွက်ခြင်း၊ နည်းပညာအသုံးပြုခြင်း၊ တင်ဆက်မှုပုံစံနှင့် တီထွင်ဖန်တီးမှု တို့သည် တင်ပြမှုအကဲဖြတ်မှု မူဘောင်တွင် ပါဝင်ပါသည်။

အူရီဒူးမြန်မာသည် ဆုရရှိသူများအားလုံးကို သက်ဆိုင်ရာနေရာဒေသများအသီးသီးတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်  လက်ပ်တော့သစ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ TAG ဆုရှင် ၄၀  အတွက် အဆိုပါဆုများအားလုံးကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

 

TAG အစီအစဉ် (၂၀၂၁) ၏ ခေါင်းဆောင်မှုပိုင်းဆိုင်ရာထိပ်သီးအစည်းအဝေး (Leadership Summit) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်မှ (၂၁) ရက်အထိ (၉) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ခေါင်းဆောင်မှုထိပ်သီးအစည်းအဝေး (Leadership Summit) တွင် အမျိုးသမီး စွန့်ဦးတီထွင်သူများ၏ ဆွေးနွေးစကားဝိုင်း (Women Entrepreneurs Panel Discussion )၊ လူမှုဝန်းကျင်မှ အမျိုးသမီးခေါင်းဆောင်များ ၏ ဆွေးနွေးစကားဝိုင်း (Women Community Leaders Panel Discussion)၊ လူမှုဝန်းကျင်အကျိုးပြုစီမံကိန်း ပိုစတာပြိုင်ပွဲ (Community Project Poster Competition)၊ လူမှုဝန်းကျင်အကျိုးပြုစီမံကိန်းများကို  ပြန်လှန်သုံးသပ်ခြင်းနှင့်လေ့ကျင့်မှု ဆွေးနွေးစကားဝိုင်းတို့နှင့်၊  အမျိုးသမီးငယ်လေးများအား ပိုမိုကောင်းမွန်သော ဘဝဆုံးဖြတ်ချက်များချမှတ်နိုင်ရန်နှင့် ၎င်းတို့၏ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားနှင့် ရုပ်ပိုင်းဆိုင်ရာသုခများကို သက်ရောက်မှုရှိစေမည့် ကိစ္စရပ်များအတွက်  ပညာပေးမှုများ ပြုလုပ်ရန်နှင့် ဝန်းကျင်ကောင်းတစ်ခုနှင့် လိုအပ်သည့်အရင်းအမြစ်များကို ပံ့ပိုးပေးရန် အထူးရည်ရွယ်စီစဉ်ထားသည့် Grit for Girls အစီအစဉ်တို့ ပါဝင်မည်ဖြစ်သည်။ 

TAG အစီအစဉ်ကို Myanmar Book Aid and Preservation Foundation (MBAPF) မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းအစီအစဉ်သည်  အသက် ၁၆ နှစ်မှ ၂၀နှစ် အကြားရှိသည့် အမျိုးသမီးငယ်လေးများအား ခေါင်းဆောင်မှုနှင့် ရပ်ရွာဖွံ့ဖြိုးရေးအတွက် နည်းပညာကျွမ်းကျင်မှုကိုကောင်းစွာအသုံးချနိုင်ရန် ပံ့ပိုးပေးသည့် တစ်နှစ်တာအစီအစဉ် ဖြစ်သည်။ ၎င်းအစီအစဉ်သည် အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကို အကျိုးရှိစွာအသုံးချနိုင်စေနိုင်မည် ဖြစ်သည့်အတွက် ပါဝင်သည့် အမျိုးသမီးများသာမက ၎င်းတို့၏ လူမှုအသိုင်းအဝိုင်း ကိုပါ အကျိုးပြုစေနိုင်မည်ဖြစ်ပါသည်။ 

၂၀၁၆ ခုနှစ်မှစတင်၍ အူရီဒူးမြန်မာသည် TAG အစီအစဉ်အတွက် အင်တာနက်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်ကိရိယာ များကို ပံ့ပိုးပေးခဲ့ပါသည်။ အစီအစဉ်၏ရလဒ်များအရ အူရီဒူးမြန်မာသည် ၂၀၁၉ ခုနှစ်တွင် TAG ၏ အဓိကပံ့ပိုးကူညီသူ ဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အစီအစဉ်၏အောင်မြင်မှုကြောင့် အူရီဒူးမြန်မာမှ Tech Age Girls 2020-2021 တွင် ပုံမှန်အစီအစဉ်များထက် ပါဝင်သူဦးရေ နှစ်ဆပိုမိုပါဝင်နိုင်အောင် တိုးမြှင့်ပံ့ပိုးပေးခဲ့သည့်အတွက် Tech Age Girls 2020-2021 တွင် အမျိုးသမီးငယ်ပေါင်း ၂၀၀ ကျော် ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ 

ဆုရရှိသူ ၄၀ ဦးနှင့် သက်ဆိုင်ရာ စီမံကိန်းခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။


တိုင်း/ပြည်နယ်

စာကြည့်တိုက်

စဉ်

အမည်

စီမံကိန်း

ဧရာဝတီတိုင်းဒေသကြီး

မအူပင်ဒေသဖွံ့ဖြိုးတိုးတက်ရေးစင်တာ

မြခြူးစံ

လက်မှုချည်ထိုးအဖွဲ့

ရွှေဇူးဝိုင်း

ဗွီဒီယိုဖန်တီးခြင်း အနုပညာ

သန္တာလွင်

ခေတ်မီလူငယ်ဖြစ်စေဖို့ရာ

ပဲခူးတိုင်းဒေသကြီး

လောကပြတင်း စာကြည့်တိုက်

ဆုပွင့်ဖြူ

ငှက်ဖျားရောဂါ ကင်းဝေးရေး

သင်းရနံ့စိုး

အနာဂတ်လှပဖို့ နည်းပညာသင်တန်း တက်ကြစို့

အောင်ဆန်းစာကြည့်တိုက်

ဆုရီဆင့်

ကမ်းလက်များ

သသသက်မှူးမေ

ခေတ်သစ်လူငယ်များ

မန္တလေးတိုင်းဒေသကြီး

ဖောင်တော်ဦးစာကြည့်တိုက်

နှင်းနုနုနိုင်

အမျိုးသမီးငယ်လေးများအတွက် စာကြည့်တိုက်

ဒေဝီသင်း

ကျေးရွာအတွက် ပြန်လည်မျှဝေခြင်း

ဇောတိပါလ စာကြည့်တိုက်

၁၀

နှင်းယုကိုကို

ခေတ်မီအနာဂတ်ရရှိဖို့
နည်းပညာသင်တန်းတက်ကြစို့

၁၁

ကေဇင်ဝေ

ကျန်းမာလှပ ပျိုမေတို့ဘဝ

၁၂

လပြည့်ဝင်း

အတွေးအခေါ်တိုးတက်ဖို့ စာဖတ်ဝိုင်းကိုသွားကြစို့

တက်သိပညာစာကြည့်တိုက်

၁၃

ဇူးဇူး

စာပေပတ်ဝန်းကျင်

ဓမ္မအလင်းစာကြည့်တိုက်

၁၄

ထွေးထွေးမော်

အရေပြားရောဂါကင်းဝေးဖို့
တို့အတူကာကွယ်စို့

၁၅

ခိုင်ဇာဝင်း

သဘာဝဘေးတွေကာကွယ်ဖို့
သစ်ပင်စိုက်ကာထိန်းသိမ်းစို့

အနန္တဂုဏ်ရည်ရာပြည့်စာကြည့်တိုက်

၁၆

ဖြိုးရတနာကျော်

ရွေ့လျားစာကြည့်တိုက်နှင့် အခြေခံကွန်ပျူတာ သင်တန်း

၁၇

သက်ဖူးဝေ

အခြေခံကွန်ပျူတာနှင့် ချည်ထိုးနည်း သင်တန်း

မကွေးတိုင်းဒေသကြီး

သုတစံအိမ် စာကြည့်တိုက်

၁၈

နှင်းရွှေဝါ

ကျန်းမာရေးဆိုင်ရာနည်းပညာတိုးတက်ရေး
ရှေးဉီးသူနာပြုစုနည်းလေ့လာပေး

၁၉

ဆုနဒီလွင်

လုံခြုံစိတ်ချသာယာဖို့ ဝေဖန်ပိုင်းခြားတတ်ကြစို့

ရခိုင်ပြည်နယ်

ရေတံခွန်ရွေ့လျား စာကြည့်တိုက်

၂၀

ချိုဌေး

အမျိုးသမီးငယ်လေးများအတွက် လက်မှုချည်ထိုး သင်တန်းနှင့် စွန့်ပစ်ပစ္စည်း ပြန်လည် အသုံးပြုခြင်းဆိုင်ရာ အသိပညာ 

၂၁

ငြိမ်းအိဇင်

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု

စစ်ကိုင်းတိုင်းဒေသကြီး

ပညာဓနစာကြည့်တိုက်

၂၂

ဖူးဝေဇင်

တက်ကြွ ရှင်သန် စာကြည့်တိုက် ပရိုဂရမ်

ရာစုနှစ်မီးအိမ် စာကြည့်တိုက်

၂၃

မေဇင်ထွန်း

ကျောင်းစာနှင့် နည်းပညာများ သင်ကြားပေးခြင်း

၂၄

ဖူးမြတ်နိုး

အင်တာနက်ကိုအသုံးပြု၍ အိမ်ထောင်သည် အမျိုးသမီးများဘဝ မြှင့်တင်ပေးရန်

လူငယ့်အားမာန်စာကြည့်တိုက်နှင့်
လူငယ်ဖွံ့ဖြိုးရေးစင်တာ

၂၅

နှင်းဝတ်ရည်

ကွန်ပြူတာ သင်တန်းကျောင်း

၂၆

ပိုးအိသိန်း

သန့်ရှင်းသာယာကျေးလက်ရွာ

သုတဘဏ်စာကြည့်တိုက်

၂၇

အေးမြတ်သွယ်

မိမိရပ်ကွက်သာယာဖို့သန့်ရှင်းရေး လုပ်ကြစို့

၂၈

မြတ်မြတ်နိုး

ခြင်းထိုးခြင်း လက်မှုပညာ

ရှမ်းပြည်နယ်

နွေအရိပ်စာကြည့်တိုက်

၂၉

အေးမြတ်သူ

IT နည်းပညာဖြင့် အနာဂတ်သစ်များဆီသို့

၃၀

နှင်းပိုးအိမ်

ဂီတစာကြည့်တိုက်

၃၁

ရွှေမိမိသွေး

ပျံသန်းနေမည့် စာကြည့်တိုက်ကလေး

တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်ထောင်စုနှစ်စာကြည့်တိုက်

၃၂

လွင်လွင်မြတ်

ကျန်းမာရေး အသိပညာပေး

၃၃

ပွင့်သဇင်

ကမ္ဘာ့ရွာမှာ စီးပွားရှာ

၃၄

ဝင်းလက်ဖြူ

စိန်းလန်းစိုပြည် ဖွံ့ဖြိုးမှုများဆီသို့

အဖြူရောင်လူငယ်များဖွံ့ဖြိုးတိုးတက်ရေးစင်တာ

၃၅

ချိုသဲမာ

ကွန်ပြူတာ သင်တန်း

၃၆

သူဇာအေး

အိမ်တွင်းလက်မှုပညာ(တံမြက်စည်းလုပ်ငန်း)

ပထက်စာကြည့်တိုက်

၃၇

အင်ကြင်းခိုင်

အသက်မွေးဝမ်းကြောင်းရာ စက်ချုပ်ပညာ

ရန်ကုန်တိုင်းဒေသကြီး

သုခမိန်စာကြည့်တိုက်

၃၈

အေးသိရီမွန်

ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်နှင့် ဝေဖန်ပိုင်းခြားစဉ်းစားခြင်း

၃၉

အိရွှေစင်မြင့်

သန့်ရှင်းသာယာရွှေဘိုရွာ

၄၀

ဝေလဲ့လဲမွှေး

ကျန်းမာပျော်ရွှင် တို့ရွာတခွင်


-  ပြီး -


ဆက်သွယ်ရန်

အူရီဒူးမြန်မာသတင်းပြန်ကြားရေးအဖွဲ့

+၉၅၉ ၉၇ ၃၃၃၃၃ ၂၂

CorpComm@ooredoo.com.mm 


အူရီဒူးမြန်မာ၏ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ တွင်လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင်  ဆက်သွယ်ရေး ဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် “လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်းပေးရန်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ 

အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4Gကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေးနိုင်ခဲ့သည့် အော်ပရေတာဖြစ်ပါသည်။

အူရီဒူးမြန်မာသည် လက်ရှိတွင် သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာ ပေးအပ်လျက် ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘ၀ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုချောမွေ့စွာ လုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို ပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင် ပေးသွားမည်ဖြစ်ပါသည်။ 



Website: www.ooredoo.com.mm

Instagram: @ooredoomyanmar

Facebook: www.facebook.com/OoredooMyanmar 

LinkedIn: www.linkedin.com/company/ooredoomyanmar