Urban Furniture ရဲ့ The Modern Summer စျေးရောင်းပွဲတော် မတ်လ ၁၈ရက်နေ့တွင် စတင်မည်


အရည်အသွေးမြင့် ပရိဘောဂများကို ဝန်ဆောင်မှုပေးနေတဲ့ Urban Furniture ကတော့ နေသားကျနေတဲ့ သာမန်နွေရက်တွေကနေ ရုန်းထွက်ပြီး “ခေတ်မီဆန်းသစ်တဲ့ နေထိုင်မှုပုံစံအသစ်တစ်ခု” အဖြစ် ပြောင်းလဲဖို့ အတွက် The Modern Summer ပရိဘောဂ အထူးစျေးရောင်းပွဲတော်ကို မတ်လ ၁၈ရက်နေ့မှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။


ဒီစျေးရောင်းပွဲတော်ကြီးမှာ အိမ်သုံး၊ ရုံးသုံး ပရိဘောဂမျိုးစုံကို 50% အထိ လျော့ပေးပြီး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘာပဲဝယ်ဝယ် ဘယ်လောက်ဖိုးပဲဝယ်ဝယ် Free Delivery ပို့ပေးမယ်လို့လည်း သိရပါတယ်။

ဒီ Modern Summer စျေးရောင်းပွဲတော်ကြီးကို မတ်လ ၁၈ရက်မှ ၂၇ရက်နေ့အတွင်း ရောင်းချပေးသွားမယ်လို့လည်း ဆိုပါတယ်။