အူရီဒူးအား FIFA World Cup Qatar 2022™ နှင့် FIFA Arab Cup Qatar 2021™ တို့၏ အရှေ့အလယ်ပိုင်းနှင့် အာဖရိက တရားဝင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် သတ်မှတ်
ကမ္ဘာ့အကြီးဆုံး အားကစားပွဲနှင့် ဒေသတွင်း အကြီးမားဆုံး ဘောလုံးပြိုင်ပွဲတို့တွင် ဦးဆောင်ထိပ်တန်း ဆက်သွယ်ရေးအော်ပရေတာမှ FIFA ကိုပံ့ပိုးကူညီသွားမည်။ ထိပ်တန်းဆက်သွယ်ရေးအော်ပရေတာ အူရီဒူးသည် FIFA World Cup Qatar 2022™ နှင့် FIFA Arab Cup Qatar 2021™ တို့၏ အရှေ့အလယ်ပိုင်းနှင့် အာဖရိက တရားဝင်ဆက်သွယ်ရေးအော်ပရေတာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။
အူရီဒူးမှ ၎င်းအရေးပါသည့် ထိပ်တန်းအားကစားပွဲကြီးများကို ပံ့ပိုးရန်ရွေးချယ်မှုသည် FIFA သို့ အူရီဒူးကုမ္ပဏီ၏ ကာလရှည်ကြာ ကတိကဝတ်များကို ပိုမိုခိုင်မာစေပါသည်။ အူရီဒူးသည် ကာတာ၌ FIFA Club World Cup™ ၂၀၁၉ နှင့် ၂၀၂၀ နှစ်များအတွက် နိုင်ငံလုံးဆိုင်ရာပံ့ပိုးသူလည်းဖြစ်ပါသည်။
အူရီဒူးကာတာ၏ Chief Commercial Officer ဖြစ်သူ Sheikh Nasser Bin Hamad Bin Nasser Al Thani မှ "ကမ္ဘာ့အကြီးဆုံး အားကစားပွဲနဲ့ ဒေသတွင်း အကြီးမားဆုံး ဘောလုံးပွဲအတွက် အူရီဒူးမှအဓိကပံ့ပိုးသူအနေနဲ့ ဒီတစ်ကြိမ် FIFA နဲ့ ထပ်မံလက်တွဲခွင့်ရတာကို အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်" ဟု ပြောကြားခဲ့ပါသည်။
"ကျွန်ုပ်တို့၏နိုင်ငံဟာဆိုရင် ကမ္ဘာ့အားကစားစင်မြင့်ပေါ်သို့ ရောက်ရှိတော့မှာဖြစ်တာကြောင့် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များမှာ ကာတာနိုင်ငံအပေါ် အားလုံးကမျက်စိကျနေတော့မှာဖြစ်ပါတယ်။ ဒါဟာ အူရီဒူးအတွက် ဆက်သွယ်ရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုတွင် ဦးဆောင်နိုင်မှု အခန်းကဏ္ဍကို ပိုမိုခိုင်မာစေရန်၊ ဒေသတွင်းပရိတ်သတ်များနှင့် ဆက်ဆံဆောင်ရွက်ရန်၊ မိမိတို့နိုင်ငံကို အဓိကအရေးပါသည့် အားကစားအဝန်းအဝိုင်းအဖြစ် လူသိများအောင် ဆောင်ရွက်ဖို့နဲ့ ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အားကစားတစ်ခုဖြစ်တဲ့ ဘောလုံးအားကစားကို ဆင်နွှဲဖို့တွေအတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားပါသည်။
“ကာတာသည် ထိုကဲ့သို့ အတိုင်းအတာတစ်ခုအထိ အားကစားပွဲများကို လက်ခံကျင်းပရန် လိုအပ်သော အခြေခံအဆောက်အဦးများဖြင့်ပြည့်စုံပြီး အူရီဒူး၏ ဆန်းသစ်တီထွင်မှု၊ နည်းပညာနှင့် အတွေ့အကြုံများက လိုအပ်သော ကွန်ရက်အမြန်နှုန်းနှင့် ယုံကြည်စိတ်ချရမှုကို ပေးစွမ်းနိုင်မည်ဖြစ်ပါတယ်။ အားလုံးအတွက် အလွန်ကောင်းမွန်တဲ့ပြိုင်ဘက်ကင်းပွဲကြည့်အတွေ့အကြုံကို ပေးအပ်ရာမှာ ကျွန်တော်တို့နိုင်ငံကို ပံ့ပိုးပေးနိုင်တဲ့အတွက် ဂုဏ်ယူမိသလို မယုံနိုင်လောက်အောင်ကောင်းမွန်မယ့် ဘောလုံးပွဲစဉ်များကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပါတယ်” ဟုထပ်မံ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
FIFA ၏ Director of Commercial Revenue ဖြစ်သူ Nick Brown ကလည်း “ အူရီဒူးက ကာတာမှာ ပြုလုပ်မဲ့ ယခုလိုအလွန်ကောင်းမွန်တဲ့ပြိုင်ပွဲကြီးနှစ်ခုအတွက် ဒေသတွင်းပံ့ပိုးသူအနေနဲ့ ဒီတစ်ကြိမ်မှာလည်း ထပ်မံတာဝန်ယူတဲ့အတွက်ဝမ်းသာမိပါတယ်။ ကျွန်တော်တို့က အူရီဒူးနဲ့အတူ ကာတာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ ကောင်းမွန်လှပသောဂိမ်းတွေရဲ့ ပရိသတ်များနှင့် ချိတ်ဆက်ပေးမည့် အမှတ်တရပွဲများကို ကျင်းပပြုလုပ်သွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟုပြောကြားခဲ့ပါသည်။
ကမ္ဘာ့အကြီးဆုံး အားကစားပြိုင်ပွဲဖြစ်သည့် FIFA World Cup Qatar 2022™ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်မှ ဒီဇင်ဘာလ (၁၈) ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး ၎င်းသည် Arab world တွင် ပထမဆုံးကျင်းပမည့် FIFA World Cup ဖြစ်လာမှာ ဖြစ်ပါတယ်။ ပျမ်းမျှ ပွဲကြည့်ပရိသတ် သန်း ၁၁၀ ကျော်ဖြင့် ကမ္ဘာ့လူဦးရေ၏ ၅၁% ကျော်သည် FIFA World Cup Russia 2018™ ကို ကြည့်ရှုခဲ့ကြသည်။
FIFA Arab Cup Qatar 2021™ တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၈) ရက်အထိ ဒေသတွင်း ထိပ်တန်းအသင်းပေါင်း ၁၆ သင်း ပါဝင်မည်ဖြစ်ပြီး ၎င်းသည် လာမည့်၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်မှ ဒီဇင်ဘာလ (၁၈)ရက်အထိ ကျင်းပမည့် FIFA World Cup™ အတွက် အခြေခံအဆောက်အဦနှင့် ပစ္စည်းပစ္စယအပြည့်အစုံဖြင့်အစမ်းလေ့ကျင့်မှုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်ပွဲများနှင့်ပါတ်သတ်ပြီး FIFA.com တွင် ပိုမိုဖတ်ရှုနိုင်ပါသည်။
-
ဆက်သွယ်ရန်
အူရီဒူးမြန်မာသတင်းပြန်ကြားရေးအဖွဲ့
+၉၅၉ ၉၇ ၃၃၃၃၃ ၂၂
CorpComm@ooredoo.com.mm
အူရီဒူးအကြောင်း
အူရီဒူးသည့် ကာတာ၏ ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်ပြီး မိုဘိုင်း၊ fixed၊ ဘရော့ဘန် အင်တာနက်နှင့် သုံးစွဲသူများနှင့်စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့်အညီ ပုံဖော်ထားသည့် ကော်ပိုရတ်ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိပါသည်။ လူမှုအသိုင်းအဝိုင်းများအား အလေးထားဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုဖြစ်ခြင်းကြောင့် အူရီဒူးသည် “လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်းပေးရန်” ဟူသည့် ၎င်း၏မျှော်မှန်းချက်နှင့် လူသားများအား ၎င်းတို့ ရရှိနိုင်မည့် အကောင်းဆုံးအခြေအနေများကို ရရှိပိုင်ဆိုင်နိုင်အောင် ဆက်သွယ်ရေးနည်းပညာအား အကောင်းဆုံးအသုံးချခြင်းဖြင့် လူသားများ၏ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလှုံ့ဆော်နိုင်မည် ဆိုသည့် ယုံကြည်ချက်တို့ဖြင့် လုပ်ငန်းများအားဆောင်ရွက်လျက်ရှိပါသည်။
အူရီဒူးမြန်မာ၏ အကြောင်း
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ တွင်လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် “လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်းပေးရန် “ ဆိုသည့် မျှော်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။
အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4Gကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေးနိုင်ခဲ့သည့် အော်ပရေတာဖြစ်ပါသည်။
အူရီဒူးမြန်မာသည် လက်ရှိတွင် သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာ ပေးအပ်လျက် ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘ၀ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုချောမွေ့စွာ လုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို ပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင် ပေးသွားမည်ဖြစ်ပါသည်။
Website: www.ooredoo.com.mm
Instagram: @ooredoomyanmar
Facebook: www.facebook.com/OoredooMyanmar
LinkedIn: www.linkedin.com/company/ooredoomyanmar