ရန်ကုန်၊ မြန်မာ။
အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတွင်း ဒစ်ဂျစ်တယ်ကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၇ ကျောင်းနှင့် လူမှုရေးအဖွဲ့အစည်းများထံ ငွေကျပ်သိန်းပေါင်း ၄၄၂၀ကျော်တန်ဖိုးရှိ ဒစ်ဂျစ်တယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။
Tablets ၁၂၂၁ ခု၊ စမတ်ဖုန်း ၅၁၁ ခု ၊ routers ၂၄၅၂ ခုနှင့် လစဉ်ဒေတာအစီအစဉ်များပါဝင်သော ဆင်းကတ်၁၇၂၈ကတ်တို့အပါအဝင် စုစုပေါင်း ဒစ်ဂျစ်တယ်ပစ္စည်း ၄၁၈၄ ခုကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၃၇ ကျောင်း၊ မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ (MBAPF) ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA) နှင့် ဘုန်းတော်ကြီးသင်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MEDG) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်ပူးပေါင်းဆောင်ရွက် သည့် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး စီမံကိန်း (SEAD) တို့အတွက် ပေးအပ်လှူဒါန်းခဲ့ပါည်။
စာကြည့်တိုက်အသုံးပြုသူများ၊ စာကြည့်တိုက်မှူးများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ သင်ကြားပြသသူများ၊ စာသင်သားများ၊ ဒစ်ဂျစ်တယ်စာကြည့်တိုက် ပရောဂျက်များမှ သင်တန်းဆရာများနှင့် သင်တန်းသားများ၊ Tech Age Girls ပရိုဂရမ်တွင် ပါဝင်သူအချို့နှင့်၊ မြန်မာနိုင်ငံ အပူပိုင်းဒေသများဖြစ်ကြသော မြင်းခြံနှင့်ညောင်ဦးတို့တွင် လုပ်ဆောင်လျက်ရှိသည့် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး စီမံကိန်း (SEAD) စီမံကိန်းတွင် ပါဝင်သည့် လယ်သမားများသည် အူရီဒူး၏ ပံ့ပိုးကူညီမှုများနှင့် ၎င်း၏ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာကို အသုံးချခြင်းဖြင့် အသိပညာများနှင့် ဒစ်ဂျစ်တယ်ဗဟုသုတများ ရရှိနိုင်မည်ဖြစ်သည်။
အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က “ကျွန်တော်တို့ အူရီဒူးမြန်မာရဲ့ “လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်းပေးရန်” ဆိုသည့် ရည်မှန်းချက်နှင့်အညီ ခေတ်မီဆန်းသစ်ကောင်းမွန်သည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များကို ပေးအပ်နေရုံသာမက ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကိုလည်း ရှာဖွေကာ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ရာမှာ အဓိကမဏ္ဍိုင်များဖြစ်ကြသော ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတို့ကို အဓိကဦးစားပေးပြီး နည်းပညာအထောက်အပံ့ဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုရန်နှင့် ပါဝင်ကူညီရန် အခွင့်အလမ်းများကို ဆက်လက် ရှာဖွေ ပံ့ပိုးပေးသွားမယ်လို့ ကတိပြုပါတယ်။ အူရီဒူးသည် ဝန်ဆောင်မှုသုံးစွဲသူများ အဆက်အသွယ်မပြတ်စေရန်ရှိနေမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
ဘုန်းတော်ကြီးသင်ပညာရေးကဏ္ဍသည် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများကို ပညာပေးရာတွင် အရေးပါသောကြောင့် အူရီဒူးမြန်မာအနေဖြင့် "မိနစ်များများပြောလေ အူရီဒူးက များများလှူပေးလေ" လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များကို ပံ့ပိုးပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှစ၍ ဤအစီအစဉ်မှ စီမံကိန်း ၅၉ ခုဖြင့် လိုအပ်သော စက်ကိရိယာများ၊ အင်တာနက်ချိတ်ဆက်မှုများ၊ လေ့ကျင့်ရေးအစီအစဉ်များ စသည်တို့ အပါအ၀င် အခြေခံ အထောက်အပံ့ပစ္စည်းများနှင့် ကျောင်းအဆောက်အဦ ၃၉ ဆောင်တို့ကို ပံ့ပိုးပေးခဲ့ပါသည်။
၂၀၁၉ ခုနှစ်မှ စတင်၍လည်း အူရီဒူးမြန်မာသည် UNDP နှင့် ပူးပေါင်း၍ ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာဖွံဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) စီမံကိန်းဖြင့် မြန်မာနိုင်ငံ အပူပိုင်းဇုန်ဒေသရှိ တောင်သူများ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးခဲ့ပါသည်။
အူရီဒူးမြန်မာ၏ ပံ့ပိုးကူညီမှုဖြင့် ၎င်းလူမှုအသိုင်းအဝိုင်းအသီးသီးရှိ မြန်မာပြည်သူပြည်သားများ အနေဖြင့် ၎င်းတို့၏ ပညာရေးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်စွမ်းရည်များ တိုးတက်ကောင်းမွန် လာစေရန် အဆိုပါကိရိယာများ၊ router များနှင့် အင်တာနက်ချိတ်ဆက်မှုများကို အသုံးချနိုင်မည် ဖြစ်သည်။
ဆက်သွယ်ရန်
အူရီဒူးမြန်မာသတင်းပြန်ကြားရေးအဖွဲ့
+၉၅၉ ၉၇ ၃၃၃၃၃ ၂၂
CorpComm@ooredoo.com.mm
အူရီဒူးမြန်မာ၏ အကြောင်း
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ တွင်လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် “လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်းပေးရန်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။
အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4Gကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေးနိုင်ခဲ့သည့် အော်ပရေတာဖြစ်ပါသည်။
အူရီဒူးမြန်မာသည် လက်ရှိတွင် သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာ ပေးအပ်လျက် ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘ၀ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုချောမွေ့စွာ လုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို ပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင် ပေးသွားမည်ဖြစ်ပါသည်။
Website: www.ooredoo.com.mm
Instagram: @ooredoomyanmar
Facebook: www.facebook.com/OoredooMyanmar
LinkedIn: www.linkedin.com/company/ooredoomyanmar