iSure Logo Rebrand လုပ်ပြီးနောက် Logo အသစ်ကို ဝေဖန်မှုများမြင့်တက်

 

Apple နဲ့ပတ်သက်တဲ့ Products, Contemporary Gadgets တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်၀ယ်ယူနိုင်ခြင်း၊ iPhones, iPads, Macs စတာတွေကို ဝန်ဆောင်မှုကောင်းတွေနဲ့ ပြင်ဆင်ပေးနေတဲ့ iSure ကတော့ သူ့ရဲ့ Logo ကို Rebrand ပြန်လုပ်လိုက်ပါတယ်။ ယခင်ကအသုံးပြုခဲ့တဲ့ ပန်းသီးပုံနဲ့ iSure အစား S ပုံနဲ့ အပြာရောင် Logo အသစ်ကို ဒီနေ့မှာ မိတ်ဆက်ပေးလိုက်တာပါ။

iSure Myanmar Logo Rebrand
iSure Logo မူရင်း iSure Website

ဒီလို သစ်လွင်တဲ့ Logo ကို မိတ်ဆက်ပေးလိုက်ပေမယ့်လည်း iSure ရဲ့ အမာခံ ပရိတ်သတ်အချို့ကတော့ Logo အသစ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်နေကြပါတယ်။

Splice Logo နှင့်တူနေခြင်း

spice logo
splice logo
Splice Vs iSure Logo

 လူမှုကွန်ယက်ပေါ်က အချို့မှတ်ချက်တွေကတော့ iSure Logo အသစ်က Splice ရဲ့ logo နဲ့တူနေတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။

အစစကားလုံး "i" ကိုသုံးပေးပါ။

 
မူရင်း iSure Facebook Page

အချို့ iSure Fan တွေကတော့ iSure ရဲ့ နာမည်အတိုင်း Logo မှာ "i"ဆိုတာလေးကို ပိုပြီး သုံးပေးစေချင်ကြောင်း မှတ်ချက်ပြုနေတာကိုလည်း တွေ့ရပါတယ်။ "S" သင်္ကေတတွေက လူသုံးများလို့ "i" နဲ့ပဲ စစေချင်ကြောင်း အကြံပြုနေကြတာပါ။ အချို့ မှတ်ချက်တွေကတော့ မကြိုက်ကြောင်း အရင်လိုဂိုအဟောင်းကိုပဲ သဘောကျကြောင်းလည်း တွေ့ရပါတယ်။ 

မည်သို့ပင်ဆိုကြစေကာမူ

ဒါကတော့ Logo Rebrand လုပ်တိုင်း ဖြစ်နေကျ ဂယက်လေးတွေပါ။ အသစ်အဆန်းဆိုတော့ လူတွေအနေနဲ့ ကိုယ်နှစ်သက်တဲ့ ရှူထောင့်ကနေ အကြံပြု ဆွေးနွေးကြတာ သဘာ၀ကျပါတယ်။

အခုလို Logo Rebrand နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးမှုတွေရဲ့နောက်ပိုင်းကတော့ iSure ရဲ့ ဝန်ဆောင်မှုများ အရင်လို ကောင်းမကောင်း အပေါ်မူတည်ပြီး လူတွေရဲ့ တုံ့ပြန်မှုက အပေါင်း (သို့မဟုတ်) အနှုတ်လက္ခဏာ ဖြစ်သွားမှာပါ